ဥက္ကာကိုကို
ရန်ကုန်၊ ဒီဇင်ဘာ – ၁၉
““ဟိုက်..ရှာလပတ်ရည်””ဟူ သောအာမေဋိတ်သံကိုကြားလျှင် ဂုရုကွေးကြီး(ခေါ်) ဆရာကြီးအီ ကြာကွေး၏ မူပိုင်စကားလုံးတစ် ရပ်ဖြစ်ကြောင်း စာဖတ်ပရိသတ် များသိရှိကြပြီးဖြစ်သည်။
အသက် ၃၀၀၀ရှည် ဆရာ ကြီးဂုရုကွေး၊ တကာတော်ငဆိတ် နှင့်ဟာကြူလီငပျော့ စသောဇာတ် ကောင်များဖြင့် သရော်စာပေများ ကို တစ်စိုက်မိတ်မတ်ရေးသားခဲ့သူ ဆရာကြီးအီကြာကွေးသည် ယခု လ ၁၅ရက် ညနေ ၆နာရီတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ လူကြီး ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက် ရှိသွားပြီဖြစ်သည်။
““စဖြစ်တုန်းက သင်္ဃန်းကျွန်း ဆေးရုံကိုတက်သေးတယ်။ အ ကြာကြီးမဟုတ်ဘူး။ ညဘက်ပြန် ဆင်းလာတယ်။ အိမ်မှာ စာရေး သေးတယ်။ ပါးစပ်က ခေါ်ပေးတာ ကို ကျွန်တော်တို့ကလိုက်ရေးရတာ ပါ။ လူကြီးရောဂါလို့ပဲပြောရမယ်။ စုံနေတာပဲ။ ကျောက်ကပ်လည်း မကောင်းဘူး။ မဆုံးခင် လေဖြတ် သေးတယ်””ဟု ဆရာကြီးနှင့် အတူ နေတပည့်နှစ်ဦးဖြစ်သောကိုဇော် မင်းထွန်းနှင့်ကိုအောင်နိုင်စိုးတို့က ပြောပြ သည်။
ကိုဇော်မင်းထွန်းနှင့်ကိုအောင် နိုင်စိုးတို့သည် ဆရာကြီးနှင့်တစ် အိမ်တည်းအတူနေ သည်မှာ ရှစ် နှစ်ကျော်ပြီဖြစ်သည်။ ၎င်းင်းတို့ကပင် ဆရာကြီး၏ ဝေယျာဝစ္စများကို ပြု စုစောင့်ရှောက်ကာ နောက်ဆုံး အချိန်အထိ Continue Reading