ကိုယ်ရေးအကျဉ်း

အမည်ရင်း—  ဥက္ကာကိုကို

မွေးသက္ကရာဇ်—  13 ,8, 1988 .

ဆယ်တန်းကို—ဘိုင်အိုတွဲဖြင့် သံတွဲမြို့ အ.ထ.က-၁ မှ 2004 ခုနှစ်တွင် အောင်မြင်သည်။

တက္ကသိုလ်—စစ်တွေတွင် ဒဿနိကအထူးပြုဖြင့် တက်ရောက်သင်ကြားနေဆဲ။

စာပေလောကထဲတွင်—2005 . ဇန်န၀ါရီ . ရတီမဂ္ဂဇင်းတွင် “ဂြိုဟ်သားတစ်ချို့နှင့်စကားပြောခြင်း” ကဗျာဖြင့် စတင်ခြေချသည်။

ရန်ကုန်မြေသို့-–   2007 ဇူလိုင်တွင် ရောက်ရှိခဲ့သည်။

2007 . အောက်တိုဘာ 11 –တွင်7 Day New ဂျာနယ်၌

သတင်းထောက်တာဝန်ထမ်းဆောင်သည်။

လက်ရှိ မဂ္ဂဇင်းများတွင် ကဗျာနှင့် ၀တ္ထုတိုများ ၊ အက်ဆေးများ ၊ ဟာသနှင့် သရော်စာများ ကြိုကြားကြိုကြားရေးသား။

ဒီမိုကရေစီရလျှင် – ပစ္စတိုသေနတ်ကောင်းကောင်း တစ်လက်လောက်ဝယ်ကိုင်ချင်သည်။

အရက်၊ မိန်းမ အစရှိသဖြင့်မကောင်းတာမှန်သမျှစပ်ဖြီးဖြီးနှင့် နည်းနည်းနည်းနည်း စမ်းစမ်းကြည့်တတ်သည်။

6 comments on “ကိုယ်ရေးအကျဉ်း

  1. ဆက်လုပ်ကွာ…ငါ့ လည်း ဘီယာတိုက်ဦးကွာ

  2. အခု ဒီမိုကရေစီက နဲနဲရနေပြီ

    ဒါဆို (ပစ္စတိုသေနတ်ကောင်းကောင်း တစ်လက်လောက်ဝယ်ကိုင်ချင်သည်။

    အရက်၊ မိန်းမ အစရှိသဖြင့်မကောင်းတာမှန်သမျှစပ်ဖြီးဖြီးနှင့် နည်းနည်းနည်းနည်း စမ်းစမ်းကြည့်တတ်သည်။) ဆိုတဲ့

    ဘိုးတော် A to Z ရောဂါများရော ကန်ထရိုက်ဆွဲပြီးပြီလားဟင်

    ဟိဟိ

  3. ရေးထားတဲ့ ပါပြီးသားတွေ ရော ၊မပါခဲ့တာတွေရော၊ မပို့ဖြစ်လို့ သိမ်းထားတာတွေရော အကုန်တင်ပေးပါ .ဖတ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  4. ပေါချက်က ၉ လောက်ရှိတယ် .ဟေးဟေး

  5. ဟားးးးးးးး အဘအကြောင်းလေး ၀င်ဖတ်မိပါတယ်..
    လုပ်ချလိုက်ပြန်ပြီအဘရေ.. ကောင်းးဧ။။်

Leave a comment