လွမ်းတယ် ….
သက်တံရဲ့ အဲဒီဖက်အခြမ်းကလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ်….။
စိတ်ထဲမှာ မီစုန်းတွေအခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေးဆိုပေမယ့် ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ် ။
ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ ။
ဝေးရမှာကို စံပယ်တစ်ပွင့်စာလောက်ကြိုသိပါရဲ့
ဒါပေမယ့် ……
ပူအိုက်စွတ်စိုတဲ့ အဲဒီလမ်းကလေးမှာ
ကျွန်တော်တို့အတူတူ မိုးခိုခဲ့ကြပါတယ် ။
အရှုံးကို ဘယ်လိုသဲကန္တာရတွေနဲ့ ခြယ်မှုန်းရမှာလဲ
ပြောပါ ။
ဝန်ခံပါတယ် ။
ဆောင်းမြအမှုန်တွေကိုတွေ့တိုင်း တလဲ့လဲ့ပြေးကောက်
“ တစ်ခွက်တည်းပါ” လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို ခပ်သောက်ချင်နေတုန်းပဲ ။ ။