သ on ဖို-မ ဆက်ဆံခြင်းနှင့် စပ်လျဉ်း… | |
ဝေလ on မောင်ဥက္ကာနှင့် အပြောအဆို | |
kyinnarthu on ““အိပ်မက်၏ အခြားတစ်ဖက်ကို ကျော… | |
http://letusfeast.co… on သြစတေးလျနိုင်ငံမှ မာစတာဘွဲ့ကို… | |
Http://Www.Luckyridg… on သြစတေးလျနိုင်ငံမှ မာစတာဘွဲ့ကို… | |
မွန်ရာ on ဥက္ကာကိုကို(သံတွဲ)အကြောင်းတစေ့တ… | |
aungaungline on နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိ… | |
Anonymous on ခရီးသည် | |
shwepoesone on ငါသေခဲ့သော်….. | |
မွန်ဆွေဆွေ on ဥက္ကာကိုကို(သံတွဲ)အကြောင်းတစေ့တ… | |
Anonymous on ““အိပ်မက်၏ အခြားတစ်ဖက်ကို ကျော… | |
wannachitwin on မမျှော်လင့်သောအရှုံး | |
ko ko on ဥက္ကာကိုကို(သံတွဲ)အကြောင်းတစေ့တ… | |
ကံမသား on ယဉ်ကျေးမှုမရှိတဲ့မောင်ဥက္ကာ | |
ကံမသား on လူငယ်တစ်ဦးရဲ့ လွဲမှားခြင်း ဒဏ္ဍ… |
သူတို့အဆုတ်၊ ထားမြှုပ်ခဲ့သည့်
ဗုံးငုတ်တိုင်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း.....။
"အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း..."
"ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ...."
"အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း..."
"မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ..."
"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း...."
"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှေုာင်ခွါ၊ ခွဲရပါရ်ျ
အာနာခဲ့ကြောင်း ပြောပါလေ...."
ယမ်းငွေအူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား....။
မင်းသုဝဏ်
(မြ၀တီမဂ္ဂဇင်း၊ မတ်လ ၁၉၆၃)
ဗေဒါလမ်း
ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
ဦးသိန်းစိန်
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
သရုပ်ဖော်ပန်းချီ-အောင်လတ်
စာပေ အနုပညာ မီဒီယာ
WordPress.com is the best place for your personal blog or business site.
အမေစုကို အရမ်းလေးစားပါတယ်..အမေစုရဲ.မွန်မြတ်တဲ. နှလုံးသားဟာ အချိန်တန်ရင် အမူန်းကိုအချစ်က အနိုင်ယူနိုင်ပါစေအမေစု……..