ဥက္ကာကိုကို
ရန်ကုန်၊ ဒီဇင်ဘာ – ၁၉
““ဟိုက်..ရှာလပတ်ရည်””ဟူ သောအာမေဋိတ်သံကိုကြားလျှင် ဂုရုကွေးကြီး(ခေါ်) ဆရာကြီးအီ ကြာကွေး၏ မူပိုင်စကားလုံးတစ် ရပ်ဖြစ်ကြောင်း စာဖတ်ပရိသတ် များသိရှိကြပြီးဖြစ်သည်။
အသက် ၃၀၀၀ရှည် ဆရာ ကြီးဂုရုကွေး၊ တကာတော်ငဆိတ် နှင့်ဟာကြူလီငပျော့ စသောဇာတ် ကောင်များဖြင့် သရော်စာပေများ ကို တစ်စိုက်မိတ်မတ်ရေးသားခဲ့သူ ဆရာကြီးအီကြာကွေးသည် ယခု လ ၁၅ရက် ညနေ ၆နာရီတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ လူကြီး ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက် ရှိသွားပြီဖြစ်သည်။
““စဖြစ်တုန်းက သင်္ဃန်းကျွန်း ဆေးရုံကိုတက်သေးတယ်။ အ ကြာကြီးမဟုတ်ဘူး။ ညဘက်ပြန် ဆင်းလာတယ်။ အိမ်မှာ စာရေး သေးတယ်။ ပါးစပ်က ခေါ်ပေးတာ ကို ကျွန်တော်တို့ကလိုက်ရေးရတာ ပါ။ လူကြီးရောဂါလို့ပဲပြောရမယ်။ စုံနေတာပဲ။ ကျောက်ကပ်လည်း မကောင်းဘူး။ မဆုံးခင် လေဖြတ် သေးတယ်””ဟု ဆရာကြီးနှင့် အတူ နေတပည့်နှစ်ဦးဖြစ်သောကိုဇော် မင်းထွန်းနှင့်ကိုအောင်နိုင်စိုးတို့က ပြောပြ သည်။
ကိုဇော်မင်းထွန်းနှင့်ကိုအောင် နိုင်စိုးတို့သည် ဆရာကြီးနှင့်တစ် အိမ်တည်းအတူနေ သည်မှာ ရှစ် နှစ်ကျော်ပြီဖြစ်သည်။ ၎င်းင်းတို့ကပင် ဆရာကြီး၏ ဝေယျာဝစ္စများကို ပြု စုစောင့်ရှောက်ကာ နောက်ဆုံး အချိန်အထိ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ပေး ခဲ့ကြသောတပည့်ရင်း များဖြစ်သည်။
ဆရာကြီးအီကြာကွေးကို ၁၉၃၈ ခုနှစ် မတ်လတွင် ဓနုဖြူမြို့၊ မင်းပိုင်းရပ်၌ အဖဦးမောင်နှစ်၊ အမိဒေါ်ညွန့်မေတို့မှ တစ်ဦးတည်း သောသားအဖြစ်မွေးဖွားခဲ့သည်။
အမည်ရင်းဦးကျော်ထွန်းဖြစ် ပြီး ဓနုဖြူကျော်ထွန်းကလောင်ဖြင့် ၁၉၅၄၊ ဇန်န၀ါရီလ တွင် “ချစ်တိုင်း ပြည်”ကဗျာဖြင့် စာပေနယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့ကာ “အီကြာ ကွေး”ကလောင်အမည်ကို ၁၉၅၇ ခုနှစ်တွင် ထပ်မံပွားယူခဲ့သည်။
အဆိုပါ ကလောင်နှစ်မျိုးဖြင့် စာနယ်ဇင်းများစွာတို့တွင် ကဗျာ ၁၂၀၀ကျော်၊ ၀တ္ထုတိုအပုဒ် ၁၀၀ ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၃ပုဒ်၊ လုံး ချင်းဝတ္ထု ၃၀ ၀န်းကျင်ခန့်ရေး သားခဲ့ပြီး၊ ပီမိုးနင်း၏၀တ္ထုတိုအ တတ်ပညာဟူသောစာပေကျမ်းကို လည်းပြုစုခဲ့လေသည်။
ပညာရေးအနေနှင့် ဓနုဖြူ အစိုးရအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့ကာ ၁၉၅၃-၅၄တွင် ဓနုဖြူစာပေ၀ါသနာရှင်များအသင်း ၏စာပေတာဝန်မှူး၊ စာကြည့်တိုက် မှူးတာဝန်ယူ၍ မုန်တိုင်းစာစောင် အမှတ်(၁၊၂) ကိုထုတ်ဝေခဲ့သည်။
၁၉၅၈ တွင် ဓနုဖြူပြည်သူ့လူ ငယ်အဖွဲ့တွင် ဥက္ကဋ္ဌနှင့် ကမ္ဘာ့ငြိမ်း ချမ်းရေးကွန်ဂရက် ဓနုဖြူတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကာ ရန်ကုန် မှ စာရေးဆရာကြီးများအား ဖိတ် ကြား၍ စာဆိုတော်နေ့စာပေဟော ပြောပွဲကို ဓနုဖြူတွင်စတင်ကျင်းပ မျိုးစေ့ချ ပေးခဲ့သည်။
တောင်ဥက္ကလာပကဗျာ ကလာပ်စည်းဥက္ကဋ္ဌအဖြစ် တာ ၀န်ယူကာ ၁၉၆၉ တွင် ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံကဗျာများ စုပေါင်းကဗျာစာအုပ်နှစ်အုပ်ထုတ် ဝေခဲ့သည်။
ဆရာကြီးသည် လက်သင်စ ကဗျာရှင်များအတွက် “လမ်းညွှန် နည်းပြ”မဂ္ဂဇင်းတွင် “ကဗျာ့ပွဲခင်း သာ”ကဏ္ဍကိုနှစ်ပေါင်း ၃၀ကျော် တိုင် တစ်လမပြတ်တာဝန်ယူရေး သားခဲ့သည်။
သောကြာစာစောင်တွင် အယ် ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ရာ တွင် ကဗျာ့ပွဲခင်းသာကဏ္ဍကို ဆက်လက်ရေးသားခဲ့ပြီး သက်ရှိ ထင်ရှားရေးဖော်များ ဆောင်းပါး များဖြင့် ဘ၀တူစာပေလောက သားတချို့အကြောင်း တစေ့တစောင်းပုံ ဖော်ခဲ့သည်။
ဓနနှင့်မြန်မာ့ဓနမဂ္ဂဇင်းများတွင်လည်း ရယ်စရာတွေးစရာ သရော်စာဝတ္ထုများ ကိုလည်း ပင် တိုင်ရေးသားခဲ့ရာ လူကြိုက်များခဲ့ လေသည်။
ဆရာကြီးသည် မသေခင်က ပင် သူနေထိုင်ရာ အမှတ်(၇၆၅)၊ မင်္ဂလာလမ်း၊ ၁၂ရပ်ကွက်၊ တောင် ဥက္ကလာပမြို့နယ်ရှိ ၃ပေ ၂ခန်း၊ ပျဉ်ကာသွပ်မိုးအိမ်လေးကို ဓနုဖြူ မြို့ရှိ ကျိုက္ကလွန်ဗွန်းဘုရားသို့ကြို တင်လှူဒါန်းထားခဲ့သူဖြစ်သည်။
ကျိုက္ကလွန်ဗွန်းဘုရားရှိ တန် ဆောင်းတော်ကိုလည်း မိဘဘိုး ဘွားများမရှိတော့သည့်နောက်တွင် စာပေဟောပြောပွဲမှရသောငွေများ၊ ရပ်ဝေးမှ တပည့်များမှ ကန်တော့ သည့်ငွေများဖြင့် ငွေကျပ် ၅၁သိန်း အကုန်အကျ ခံပြုပြင်ခဲ့ပြီး၊ ယခုထိ တိုင်ဓနုဖြူမြို့နယ်တွင် အီကြာကွေး တန်ဆောင်းဟူ၍ လူသိများကြောင်း သိရသည်။
““သူ့အိမ်နဲ့မြေကို ၂၀၀၂ခုနှစ် ကတည်းက လှူမယ်ပြောထားပြီး သားပါ။ သူပြုပြင်ထားတဲ့အီကြာ ကွေးတန်ဆောင်းလည်း ဓနုဖြူမှာ ရှိပါတယ်။ အခု သူ့ဈာပနာကို လည်း ဓနုဖြူ ကျိုက္ကလွန်းဗွန်းဘု ရားဂေါပကအဖွဲ့က ဦးဆောင်ပြီး မြေကျ၊ ဆွမ်းသွတ်တဲ့အထိတာ ၀န်ယူသွားမှာပါ””ဟုကျိုက္ကလွန်းဗွန်း ဘုရားဂေါပက အဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဦးသိန်းထွန်းက ပြောပြသည်။
ဆရာကြီးအီကြာကွေးသည် စာစတင်ရေးသားလာစဉ်မှစ၍ စာ ပေလုပ်ငန်းများတွင် အခြေချကာ စာရေးခြင်းသက်သက်ဖြင့် ဘ၀ကို ရပ်တည်ခဲ့သူဖြစ်ပြီး၊ အိမ်ထောင် မပြုဘဲ လူပျိုကြီးဘ၀ဖြင့်သာ ယခု ကွယ်လွန်ချိန်အသက် ၇၂နှစ်အထိ နေထိုင်ခဲ့ သည်။
““၁၉၆၂ ခုနှစ်ပေါ့။ ကျုပ်တို့ ၉တန်းနှစ်က ၀ါးခယ်မကို ဓနုဖြူ ကျော်ထွန်းနဲ့ ဥက္ကလာခင်စောတို့ ရောက်လာတယ်။ သူတို့ ဦးဆောင် ပြီး နယ်ခံကဗျာ သမား တချို့နဲ့ ဆောင်းကြိုပန်းကဗျာများစာအုပ် တစ်အုပ်ထုတ်ခဲ့ကြတယ်””ဟု တက္က သိုလ်မြတ်သွင်(၀ါးခယ်မ)ကဆို သည်။
ဆရာကြီးရေးသားခဲ့သမျှ ထင်ရှားသောစာများမှာ အိုးဝေမဂ္ဂ ဇင်းတွင်ရေးသားသော ခွပ်လိုက် ကြစို့သူငယ်ချင်း၊ နိုင်ငံတော်ပြည် အရေး၊ ဖိုက်တာဘောလုံး အခန်း ဆက်ဆောင်းပါးများဖြစ်ပြီး မော်ကွန်းဂျာနယ်တွင် တွေ့ရကြုံရရှတတ၊ ဆောင်းပါး များ၊ လာခဲ့သော လမ်းပြန်လှည့်ကြည့်သောအခါ ဆောင်းပါး၊ ရှုမ၀မဂ္ဂဇင်း တွင် တိုက် ပွဲပျော်ကဗျာတို့ဖြစ်ကြသည်။ ရယ်စရာဗေးရှင်းနှင့် နတ်ရူးတို့ကြောင်နိုင်ပေ ၀တ္ထု လုံးချင်းနှစ် အုပ်မှာလည်း လူကြိုက်များထင် ရှားခဲ့သည်။
ရွှေမန်းသဘင်တွင် ရှေ့ပိုင်းပြ ဇာတ်ဒါရိုက်တာအဖြစ် တာဝန်ယူ စဉ်က ပုတီးတစ်လုံးဂျောက်ခနဲ၊ ပြက်လုံးများပင်မြင်ပါပြီ၊ အဆိပ် တောမှပြန်ခဲ့ပါ ဟူသော ပြဇာတ်သုံး ပုဒ်ကို ရေးသားစီစဉ်တင်ဆက်ခဲ့ သေးကြောင်းသိရသည်။
အီကြာကွေးအမည်ဖြင့် ရေး သားခဲ့သော နောက်တစ်ခါမေးရင် ဖြေလိုက်မယ် ၀တ္ထုတိုကို ရုရှားဘာ သာသို့ပြန်ဆိုခြင်းခံခဲ့ရပြီး စောင့် ကြည့်ဂျာနယ်တွင် “အီကြာကို ဘာ ထင်သလဲ”ဆောင်းပါးအခန်းဆက် ကို ယခုနောက်ဆုံးရေးသားခဲ့ရာ မပြီးစီးခဲ့ ပေ။
““ဗိုလ်ကွေး..ဘယ်ထွက် ပြေးတာလဲ တိုက်ပွဲပျော်ကြီးရေ။ ကျွန်တော်တို့ကတော့ ဆက်လက် ချီတက်မြဲ။ တိုက်ပွဲဝင်မြဲပဲ””ဟု သောင်းပြောင်းထွေလာမဂ္ဂဇင်းနှင့် ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်းများကို တာဝန်ယူလုပ်ကိုင်ခဲ့သော ဆရာ ကောက်နွယ် ကနောင်က အလွမ်း စကားဆိုသည်။
ပြည်သူချစ်သောစာရေးဆရာ တစ်ယောက်ဆုံးရှုးသွားခြင်းအား နှမြောကြောင်း ပြောလာသူက စာ ရေးဆရာကြီးအဏ္ဏ၀ါစိုးမိုးဖြစ် သည်။
““သူက သေခြင်းတရားကို၊ ရေတွင်းနားမှာ၊ ထွေခင်းကစား မယ်လို့ကြုံးဝါးနေတာ။ ခုတော့ ဆရာကွေးဟာ၊ ဘယာမစေးဘဲနဲ့၊ မသာလေးဖြစ်သွားပြီ။ မိုက်ခဲကျော် မို့ ပျော်နေခဲ့တယ်။ တိုက်ပွဲပျော်လို့ အော်နေခဲ့တယ်။ အဲဒီလို ဘ၀တစ် လျှောက်လုံး သူပျော်ပျော်နေခဲ့ တယ်။ သရော်စာအရေးကောင်း တဲ့လူပါ””ဟု ဆရာအဏ္ဏ၀ါစိုးမိုး က ပြောသည်။
ဆရာကြီးအီကြာကွေး၏ ပုံ အား ကာတွန်းဆရာတစ်ဦးအား ဆွဲခိုင်းလျှင် လျှာထိုးဦး ထုပ်၊ ရှပ် အင်္ကျီ၊ ဂျင်းဘောင်းဘီရှည်မွဲမွဲ၊ ဘွတ်ဖိနပ်၊ လွယ်အိတ်တစ်လုံးနှင့် အဘိုးအို တစ်ဦး၏ပုံကို မြန်မြန် သွက်သွက်ရေးဆွဲပေးကြမည်ပင် ဖြစ်သည်။
ဤသည်ကား စာပေနယ်တွင် လှုပ်ရှားနေခဲ့သော ဆရာကြီး၏ ပင်ကိုယ်ဟန်ပန် ပင်ဖြစ်လေသည်။
အဆိုပါ အ၀တ်အစားအ ပြည့်အစုံကပင် ဆရာကြီး၏ကိုယ် ပိုင်ဒီဇိုင်း တစ်မျိုး ဖြစ်လေသည်။
စာရေးဆရာကြီးဓနုဖြူကျော် ထွန်း(ခ)အီကြာကွေး၏ အသုဘ အခမ်းအနားကို ရန်ကုန်ဆေးရုံ ကြီး၊ ရေခဲတိုက်ရှေ့အဆောင်လေး တွင် သူချစ်သောတပည့်ရင်းများ၊ စာပေသမားများက စနစ်တကျပြင် ဆင်ထားကြသည်။
မှန်ခေါင်းထဲမှ ဆရာကြီး၏ ရုပ်အလောင်းပေါ်တွင် ဆရာကြီး ဘ၀တစ်လျှောက် ၀တ်ဆင်ခဲ့သော လွတ်အိတ်အပြာလေး၊ ဂျင်း ဘောင်းဘီအနွမ်းလေးနှင့် ဘွတ်ဖိ နပ်ကလေးတို့က မခွဲမခွာနေရာယူ လျက်ရှိလေသည်။
ဆရာကြီးအီကြာကွေး၏ဈာ ပနာကို ယခုလ ၁၇ရက် နေ့လယ် ၂နာရီခန့်တွင် စာပေလောကသား များက ရန်ကုန်ဆေးရုံကြီးမှနေ၍ ရေဝေးသုသာန်သို့ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းနှင်ပို့ဆောင် သဂြိုဟ်ခဲ့ကြသည်။