ဘာလုပ်ချင်စိတ် ညာလုပ်ချင်စိတ်
အကုန်လုံးပျောက်နေတယ် ကမ္ဘာကြီး။
လူနဲ့စိတ်နဲ့ သဟဇာတမဖြစ်တော့ဘူး
ပြိုင်းပြီးရင်းပြိုင်းသလို တပြိုင်းပြိုင်းနဲ့
အံကြိတ် သမ်းဝေ တက်ခေါက် ရီဝါး
“ထားခဲ့လိုက်…ထားခဲ့လိုက်…အဲဒီအတိတ်ကို´´
တဆိတ်ခင်ဗျာ
မျက်လုံးမှိတ်ဖို့ကော ဘယ်ခလုတ်နှိပ်ထားရမလဲ
အနာဂတ်? ဘာတွေလဲ အာရုံများတယ်
စိတ်ညစ်တယ်။
အခုလိုနေတယ် ၊ လိုတာတွေအများကြီးကို
လိုနေတယ် ချောင်းဆိုးပျောက်ဖို့အဓိကဆိုပြီး
ရထားသံကိုဂရုမပြုအားဘူး
ရင်ထဲကဆူးကို အမြန်ဆုံးနှုတ်ပစ်မှရမယ်
ဒီအခန်းလေးဖက်စလုံး ဂီတလည်ပတ်မှုအားကောင်းတယ်
ဂန္ဓမာပန်းခင်းတစ်ခင်းဆီရောက်ချင်နေပြီ
အငွေ့တစ်ထောင်းထောင်းရေနွေးကြမ်းတစ်ခွက်လောက်
လက်ဆောင်ပေးကြပါလား………..
ဘာကိုမှ ကိုင်တွယ် စမ်းသပ် ထိတွေ့လို့မရတဲ့
ညဟာ ကြယ်တွေ အပြိုးလိုက် အပြက်လိုက်။
ဥက္ကာကိုကို(သံတွဲ)









