RSS

Tag Archives: အိပ်မပျော်တဲ့ကဗျာ

အတွေးမီးခိုးများ

Written by – အေးချမ်းimages

ခံစားမှုဆိုတာ
ခုသောက်နေတဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ
လေထဲပျောက်ကွယ်သွားရင် ကောင်းမယ်..

ရင်နာတယ်..တဲ့
ဘာမှန်းတော့မသိဘူး…….
ခံစားရတာတော့ တော်တော်ခက်တယ်
မင်းပေးတဲ့ ဆေးပေါ့လိပ်ကို အခါခါဖွာလို့
မင်းအကြောင်း တွေးနေမိတယ်..။

ပထမဆုံးအကြိမ်….
ဆေးလိပ်တစ်လိပ် ကုန်အောင်သောက်မိသွားတယ်
မျက်လုံးတွေ ကျိန်းစပ်နေတယ်…
ဒါပေမဲ့ မင်းအကြောင်းတွေးတာ မရပ်သေးဘူး။

ချစ်တယ်ဆိုတာ ငါ…မသိဘူး
ဆုံဆည်းခွင့် ဘယ်တော့လဲဆိုတာ ငါမသိဘူး
ဘာလို့ဝေးကွာရတာလဲ ဆိုတာ  ငါ..မသိဘူး
လွမ်းတာတစ်ခုတော့ သိတယ်….
လွမ်းတော့ လွမ်းတတ်တယ် ကောင်လေးရဲ့….

ငါ့အတွက်တော့ သံယောဇဉ်ဆိုတာ
မင်း…အကြည့်တစ်ခုနဲ့တင်….
…..လုံလောက်ပါပြီ…………

…..
သေချာတာကတော့  ဒီည အိပ်မပျော်ဘူး..။
 
Leave a comment

Posted by on November 9, 2009 in ကဗျာ

 

Tags:

 
Follow

Get every new post delivered to your Inbox.