RSS

Category Archives: သရော်စာ

ခွေးရုပ်ရှင် (ခေတ်သစ်ရုပ်ပြသရော်စာ)

 

သမ္မတရုပ်ရှင်ရုံဘေးက မှတ်တိုင် ယောက်လမ်းမှတ်တိုင်မှာ ခွေးကျားကြီးတစ်ကောင် ရှိပါတယ်... တော်တော်အိုနေပြီဖြစ်တဲ့ ခွေးကျားညစ်ပတ်ကြီးဖြစ်ပါတယ်...

သူက ဘယ်လူ့ကိုမှ ဂရုမစိုက်ပါဘူး.... မှတ်တိုင်တည့်တည့်မှာ ဒီလိုလေး လှဲအိပ်နေပါတယ်... လူတွေက သူ့ကို မနင်းမိအောင် ကွင်းရှောင်သွားရပါတယ်.....

ကားတွေ လာဆိုက်ပေမယ့်လည်း သူအေးဆေးပါပဲ... အိပ်မက်ထဲမှာ ခွေးမချောချောလေးတစ်ဖက်ငါးရာနဲ့ ဇိမ်ကျနေပါတယ်.... လမ်းဘေးမှာ အိပ်တဲ့ခွေးလည်း နတ်သမီးအိပ်မက်ကိုမက်ခွင့်ရှိတယ်လို့ သူက ခံယူထားပါတယ်.... (တာရာမင်းဝေစာအုပ်တွေတော့ သူမဖတ်ဖူးပါဘူးတဲ့)

အိပ်မက်ပြီးဆုံးချိန်မှာ သူ တက်ကြွစွာနိုးထလာခဲ့ပါတယ်... လူတွေကို ခဏအကဲခတ်ပါတယ်..... အင်း..... လောကကြီးက ပုံမှန်ပါပဲလား လို့ သူတွေးမိတာပေါ့.....

နေ့လည်ခင်းအိပ်မက်ကနိုးထတော့ ၀ါးခနဲတစ်ချက်သမ်းဝေရင်း သူအပျင်းကြောဆန့်ပါတော့မယ်....

အားလုံးကိုဘောပဲကွာ လို့ ဒီလိုသရုပ်ဖော်ပြလိုက်ပါတယ်... ဒီကောင်ကြီးဟာ အထီးကြီးဖြစ်ကြောင်း ပုံကိုကြည့်ပြီး အားလုံး သဘောပေါက်လောက်ပါပြီနော်...း))

အပျင်းဆန့်ရင်း ကိုယ်ကိုတစ်ပတ်လှည့်ပါတယ်.... အောက်ခံဘောင်းဘီဝတ်ဖို့မေ့သွားတယ်ကွာ... ဒါပေမယ့်ငါကခွေးပဲလေ.. ရပါတယ်တဲ့.... သူကတွေးတယ်...

ဟော... သူမသင်္ကာဖြစ်သွားပါပြီ... တစ်စုံတစ်ယောက်က ခွေးကျင့်ခွေးကြံနဲ့ သူ့ကို ဓာတ်ပုံခိုးရိုက်နေတာကို သူရိပ်မိသွားပါတယ်....

အဲဒီနောက်မှာတော့ ဓာတ်ပုံရိုက်နေတဲ့ကျနော့်ကိုသူမြင်တွေ့သွားပြီး ရှက်သွားပါတယ်... မကြားဝံ့မနာသာတွေဆဲဆိုရေရွတ်ပါတော့တယ်... ဒါဟာ ခွေးအခွင့်အရေးကိုချိုးဖောက်တာပဲလို့ အော်ဟစ်ပါတယ်.... ကျနော်လည်း ခပ်သုတ်သုတ်ပဲ လစ်ပြေးခဲ့ရပါတယ်ခင်ဗျာ....း))

ဓာတ်ပုံ-ဥက္ကာကိုကို။ နေရာ-ယောက်လမ်းမှတ်တိုင်၊ ယောမင်းကြီးလမ်းထိပ်၊ သမ္မတရုပ်ရှင်ရုံနံဘေး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 
 

တို့သူငယ်ချင်းများ စစ်ထဲဝင်ရင်လေ….

ဥက္ကာ: ဟေး… ကိုကြီးညို

professionalguiterist: ဗျ ကိုကြီးကာ
ဆိုဗျ

ဥက္ကာ: ကျုပ်တို့တွေ စစ်မှုထမ်းကြရတော့မယ်ဆိုပဲကိုးဗျ

professionalguiterist: သြော..ဂလိုတဲ့လားဗျ
ဟုတ်ကောဟုတ်ရဲ့လားဗျ
ဟုတ်မှလည်းလုပ်ပါဗျာ

ဥက္ကာ: ဟုတ်တယ်လို့ပြောနေကြတာကိုး
ကျုပ်လည်းသေနတ်ကိုင်ချင်လွန်းလို့
လက်ယားနေတာနဲ့အတော်ပဲဗျို့

professionalguiterist: ဟုတ်လား
ဘာသေနတ်တွေများတုန်း
သရက်သီးသနပ်လား
ဂွေးသီသနပ်လားဗျ
ကျုပ်လည်း ခံတွင်းပျက်နေတာကြာပေါ့
လုပ်လိုက်ပါလား
ပဲဟင်းလေးနဲ့လွေးလိုက်ရ
ပြောရင်းဆိုရင်း Read the rest of this entry »

 
1 Comment

Posted by on January 16, 2011 in သရော်စာ

 
 
Follow

Get every new post delivered to your Inbox.