RSS

Category Archives: သတင်းဆောင်းပါး

နှစ်သစ်အတွက်ဗေဒင်ပညာရှင်များ၏ဟောကိန်း

ဥက္ကာကိုကို၊သဇင်ထွေး
ရန်ကုန်၊ ဧပြီ-၂

မြန်မာသက္ကရာဇ် ၁၃၇၂ခု နှစ်ကုန်ဆုံးပြီး နှစ်သစ်ကူးဖြစ်သည့် ၁၃၇၃ ခုနှစ်အတွက် မြန်မာ့ရိုးရာ ဗေဒင်ဆိုင်ရာဟောပြောချက်များ နှင့်နက္ခတ်ပညာရပ်၊ ဝေဒပညာ ရပ်တို့ဖြင့် မြန်မာနိုင်ငံ၏ စီးပွား ရေး ၊လူမှုရေး၊ နိုင်ငံရေး၊ ပညာ ရေး၊ ကျန်းမာရေးဆိုင်ရာ အကောင်းအဆိုး မည်ကဲ့သို့ဖြစ် ပေါ် နိုင်မည်ကို ပညာရှင်များဖြစ် ကြသော ဆရာဒေ၀၊ ဆရာမ ဒေါက်တာစောယု နွယ်၊ ဆရာဦး ဇေယျာကို၊ ဆရာဇင်ယော်နီတို့ထံ ဆက်သွယ်မေးမြန်းထားပါသည်။ အဆိုပါဗေဒင်ပညာရှင် များ အနေဖြင့် မြန်မာနိုင်ငံသည် နှစ်သစ်ကူးမှစတင်ကာ ကောင်းသောပြောင်းလဲတိုးတက်မှုများကို ကြုံရလိမ့်မည်ဖြစ်ကြောင်း တညီတညွှတ်တည်းဟောကြသည်။

အသစ်တက်လာသော အ စိုးရသစ်အနေနှင့်လည်း ယခင် အစိုးရထက်သာအောင် နိုင်ငံ့ ကောင်းကျိုးအား မျှတစွာထမ်း ဆောင် သယ်ပိုးနိုင်လိမ့်မည်ဖြစ်ကြောင်းသိရသည်။
လာမည့်ဧပြီလနှောင်းပိုင်း နှင့် မေလတို့ တွင် ယခင်နှစ်ကစံချိန်ချိုးခဲ့သော အပူရှိန်ထက်ပင် ပိုမိုပူပြင်းမည်ဖြစ်သည်ဟုလည်း ဟောကိန်းထုတ်ကြသည်။
ပြီးခဲ့သည့် မတ်လ ၃၀ရက် နေ့က အစိုးရသစ်ဖွဲ့စည်းသည့်ဇာ တာသည်အကောင်းဆုံးနက္ခတ် အချိန်ကောင်းများဖြင့်ဆောင် ရွက် ထားပြီး အစိုးရသစ် ကျမ်းကျိန်ဆို သည့်အချိန်မှာလည်း မေထုန်လဂ်ွတွင်တည်ရှိသောကြောင့် တာဝန် ယူလိုက်သည့်အစိုးရသည် ယခင် နှင့်မတူဘဲ တိုင်းပြည်နှင့်လူမျိုး အပေါ် မျှမျှတတ အုပ်ချုပ်စီမံ သွားလိမ့်မည်ဟု နက္ခတ်အရ သုံးသပ်ကြောင်း နက္ခတ်သိပံ္ပအဖွဲ့ မှ အမှုဆောင်အရာရှိချုပ် ဦးဇေ ယျာကိုက ဟောသည်။ ဘုန်းတန်ခိုးသြဇာကြီးမား သောအစိုးရသစ်ဖြစ်လာ မည်ဖြစ် ကာဝန်ထမ်းများအတွက်လည်း ရာထူးအခွင့်အရေးကောင်းများပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း ဆရာဇင်ယော်နီက ဟောကိန်းထုတ်ထားသည်။

အထူးခြားဆုံးဖြစ်လာမည့် အရာများမှာ သံတမန်ရေးရာများ လမ်းပွင့်ခြင်း၊ စီးပွားရေးပိတ်ဆို့ ထားမှုများ ပြန်လည်ပွင့်လမ်းလာ ခြင်းအနေအထားများဖြစ်ပြီး တစ်နှစ်အတွင်း ဖြစ်ပေါ်လာလိမ့်မည်ဟုဦးဇေယျာကိုကဆက်ဟော သည်။
၁၃၇၃ ခုနှစ်တွင် မီး၊ လျှပ် စစ်၊ ဓာတ်ဆီ၊ ဒီဇယ်၊ ထင်းမီးသွေး စသော လောင်စာနှင့်ပတ်သက် သည့် အလုပ်များ အထူးဖြစ်ထွန်း လိမ့်မည်ဖြစ်ကြောင်း ဆရာ ဇင်ယော်နီကဆိုသည်။သဘာဝဘေးအန္တရာယ် အနေဖြင့်လည်း အင်အားရှိငလျင် များ၊ မီးဘေး၊ မုန်တိုင်းဘေး၊ လျှပ် စစ်ပေါက်ကွဲမှုများကို သတိပြုကြရမည်ဖြစ်ကြောင်း ဆရာမဒေါက် တာစောယုနွယ်ကဆိုထားကာ ဆရာဇင်ယော်နီက အပူရှိန်လွန် ကဲမှုနှင့် မီးဘေးအား မြစ်နား၊ ချောင်းနား၊မြေနုကျွန်းဒေသများ၊ မြေသစ်၊ ကွက်သစ်နေရာများမှာ အထူးသတိထားစေလိုကြောင်း သတိပေးထားသည်။ရာသီဥတုဖောက်ပြန်မှု ကြောင့် သောက်သုံးရေပြတ်လပ်ခြင်းပြဿနာကို ကြီးမားစွာရင်ဆိုင် ရလိမ့်ဦးမည်ဖြစ်သည်ဟု ဗေဒင်ပညာရှင်များက တညီတည်းဟော ထားကြသည်။

သူတို့က ဆက်လက်၍ နိုင်ငံ တွင် နိုင်ငံရပ်ခြားတိုင်းပြည်ကြီး များနှင့် ဆက်သွယ်တိုးတက်မှုများ ပေါ်ထွန်းလာမည်ဖြစ်ပြီး စီးပွား ရေးကဏ္ဍအတွက် အထူးကောင်း မွန်သည့် အခွင့်အလမ်းများ ပေါ်လာမည်ဟုဆိုကြသည်။ခရီးသွားလာရေးနှင့် ဟိုတယ်လုပ်ငန်း များလည်း တိုး တက်မှုကြုံရမည်ဖြစ်သည်။ စက် တင်ဘာလအတွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တိုးတက်ပြောင်းလဲမှုကိုမြင်တွေ့ရ မည်ဖြစ်ကာ တစ်ဖက်တွင်လည်း လေကြောင်းပိုင်းဆိုင်ရာ ထူးခြားဖြစ်စဉ်များကိုကြုံတွေ့ နိုင် သည်ဟု ဆရာဦးဇေယျာကိုကဟောသည်။
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများမှာလည်း အိမ်ခြံမြေ အလုပ်များ ယခင်ကထက်ပိုတိုး တက်လာမည်ဖြစ်ပြီး ယင်းကြောင့် ပင် အိမ်ခြံမြေဈေးကွက်မှာ သိ သာစွာခုန်တက်မည့်အဖြစ်သို့ ရောက်ရှိလိမ့်ဦးမည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာ့ငွေဈေးမာမှုကိုတွေ့ မြင်ရဦးမည်ဟုလည်းသိရသည်။ဆောက်လုပ်ရေးကန်ထ ရိုက်များ၊ အိမ်အရောင်းအ၀ယ် လုပ်ကိုင်သူများ၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်သူများ၊ ရွှေနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များယခုနှစ်တွင် အထူးသတိထား ရလိမ့်မည်ဖြစ်ကြောင်း ဆရာ ဇင်ယော်နီကပြောသည်။

ဇွန်၊ ဇူလိုင်လမှစတင်ပြီး ရွှေဈေးနှုန်းများထိုးကျမှုကြောင့် မြန်မာ့ရွှေလုပ်ငန်းရှင်များ လုပ်ငန်းပိုင်းဆုံးရှုံးမှုဖြစ်ကြမည်ဟု ဦးဇေယျာကိုကဆိုသည်။မြန်မာနှစ်စဖြစ်သော ဧပြီလ နှင့် ခရစ်နှစ်အကုန်ဒီဇင်ဘာလတို့ တွင် ၀န်ထမ်းများ၏ အကျိုးခံစား ခွင့်အသစ်များ ပေါ်ပေါက်လာနိုင်ကြောင်းသူကပြောသည်။ညှိနှိုင်းမရသော ပြဿနာ များ၊ မသင့်မြတ်သော အဖွဲ့ အစည်းများ ပြန်လည်သင့်မြတ်သော ကာလကိုလည်းကြုံတွေ့ရလိမ့်မည် ဟုဒေါက်တာစောယုနွယ်က ဟောသည်။
ထို့အပြင် မှေးမှိန်ကွယ် ပျောက်နေသော ခေါင်းဆောင် များ၊အနုပညာရှင်၊အတတ်ပညာ ရှင်များ၊ ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များ ပြန် လည်ပေါ်ထွက် လာမည့်အခါလည်းဖြစ်ကြောင်း ဒေါက်တာစောယုနွယ်က ဆက်ဟောသည်။ပညာရေးပိုင်းအနေနှင့် သိသိသာ သာ အဆင့်အတန်းမြင့်များတိုးတက်လာလိမ့်မည်ဖြစ် ကြောင်း ဆရာဇင်ယော်နီက ဟောကြားသည်။
ယခုနှစ်အတွင်း ဘာသာ ရေးနှင်ပတ်သက်၍ ထူးထူးခြား ခြားထွန်းပေါက်သောပုဂ္ဂိုလ်ထူး များ ပေါ်ပေါက်လာလိမ့်မည် ဖြစ် ကြောင်း ဆရာဇင်ယော်နီရော၊ ဒေါက်တာစောယုနွယ်က ပါ ဟောထားသည်။

ကြာသပတေးဂြိုလ်ကို ကိုယ် စားပြုသော ပညာရှင်များ အနေဖြင့် အကောင်းအဆိုး နှစ်မျိုး ဒွန်တွဲနေမည်ဟု ဆရာ ဒေ၀က ဆိုသည်။စက်မှုပိုင်းဆိုင်ရာအလုပ် များထွန်းကားတိုးတက် သည်နှင့် အမျှ ဆန်၊ဆီ၊ဆေး၊ဆား၊စပါး၊ ပြောင်း၊ ပဲသီးနှံများ အထူးအထွက် တိုးမည့်နှစ်ဖြစ်ပြီးသည်ဟုဆရာဇင်ယော်နီကဆိုလာသည်။ရေနံနှင့် သဘာဝဓတ်ငွေ့၊ သတ္တုတွင်းထွက်ပစ္စည်းများ အသစ် တူးဖော်တွေ့ရှိမှုရှိပြီး တိုး တက်လိမ့်မည်ဖြစ်ကြောင်း ဆရာဇင်ယော်နီနှင့်ဆရာဦးဇေယျာကို တို့နှစ်ဦးလုံးကဟောကြ သည်။ ကျန်းမာရေးပိုင်းအနေနှင့် နှလုံးအစားထိုးကုသခြင်း၊ သွေး သစ်ပြောင်းခဲခြင်း၊ အသက်ကို ဆွဲဆန့်နိုင်ခြင်း၊ နှလုံးခုန်နှုန်အား ထိန်းထားနိုင်ခြင်းတို့ကို ထူးခြားစွာ အောင်မြင်ကုသနိုင်လိမ့်မည်ဟု ဒေါက်တာစောယုနွယ်ကဆိုထားပြီး ဦးခေါင်းပိုင်း၊ ခြေထောက်ပိုင်း၊ လေနှင့်ပတ်သက်သောရောဂါများ သတိထားရန်လိုအပ်ကြောင်းဆရာဇင်ယော်နီကဆိုထားသည်။

ဆက်လက်၍ နက္ခတ်သိပံ္ပ အဖွဲ့မှ ဦးဇေယျာကိုက လတစ်လ ချင်းအတွက်ဟောကိန်းအချုပ် များကိုယခုကဲ့သို့ ထုတ်ထားသည်။ ဧပြီလ ၁၉ရက်ဝန်းကျင်နှင့် မေလ၂၀၀န်းကျင်တွင် ရွှေဈေးနှင့် ဒေါ်လာဈေးမြင့်တက်နိုင်ပြီး ၀န် ထမ်းများအကျိုးခံစားခွင့် တစ်ရပ် ပေါ်လာမည်ဖြစ်သည်။ဇူလိုင်လတွင် လနှင့်အင်္ဂါဂြိုဟ်တို့နီးကပ်စွာပုးယှဉ်မည်ဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းသူများ နှင့် တပ်မတော်တို့ ပြင်းထန်သည့် တိုက်ပွဲဖြစ်စဉ်များပေါ်ပေါက်လာ မည်ဖြစ်ကာ ညှိနှိုင်းဆွေးနွေးသည့် အခြေအနေရောက်ပြီးမှ ပြန်လည်ပျက်ပြားသွားသည့်ဖြစ်ရပ်ပေါ်မည် ဖြစ်သည်။ဇွန်၊ ဇူလိုင်လများမှစပြီး ရွှေ ဈေးထိုးကျသွားမည်ဖြစ်သည်။ သြဂုတ်လတွင် စာပေလွတ်လပ်ခွင့်ထူးထူးခြားခြားရရှိခြင်းမျိုးဖြစ် ပေါ်မည်ဖြစ်ကာ သတင်းနှင့်မီဒီ ယာပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ထွန်း မည်ဖြစ်သည်။ စက်တင်ဘာလတွင် နိုင်ငံ အုပ်ချုပ်သူတချို့ကျန်းမာရေးညံ့နိုင်ပြီး နယ်စပ်ဒေသတွင် အသေးစား ငလျင် များ ဖြစ်ပေါ်နိုင်သည်။အောက်တိုဘာနှင့်နိုဝင် ဘာလတို့တွင်နိုင်ငံရေးပိုင်း ထူးခြားဖြစ်ရပ်အခြေအနေလေးများ ဖြစ်ပေါ်နိုင်ပြီး ဒီဇင်ဘာလတွင် လစာငွေဆိုင်ရာတိုးတက်ပြောင်းလဲ မှုတစ်ရပ်ကို ပုဂ္ဂလိကရော၊ ၀န် ထမ်းများပါ ခံစားရမည် ဖြစ်သည်။ နောက်နှစ်ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတွင် မြန်မာပြည် အထက်ပိုင်းတွင် အင်အားအသင့် ရှိငလျင်ဖြစ်ပေါ်နိုင်ပြီး မတ်လတွင် အနောက်အင်အားကြီးနိုင်ငံခေါင်း ဆောင်များ မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဖြစ်ကြောင်း နက္ခတ်သိပံ္ပအဖွဲ့က အထက်ပါ
အတိုင်းဟောကိန်းထုတ်ထားသည်။

၁၃၇၃ခုနှစ်၏အတာတက် ချိန်သည် ၂၀၁၁ခုနှစ်၊ ဧပြီလ၁၆ ရက်နေ့ ည၇နာရီ၄၅မိနစ်အချိန်ြ့ဖစ်ပြီးထိုအချိန်သည် တူလဂ်ရာသီ ခွင်တွင်တည်ရှိနေသောကြောင်း တနင်္ဂနွေသားများကံကောင်းပြီးဘ၀တစ်ဆင့်တက်မည်ဖြစ်ကာထူးချွန်ထွန်းပေါက်မည် ဖြစ်ကြောင်း ဆရာဒေ၀က နေ့နံအလိုက်ဟော ပြောသည်။တနင်္လာသားသမီးများမှာ အညံ့ရှိပြီး အကုန်အကျအဆုံး အရှုံးများမည် ဖြစ်သည်။ အင်္ဂါသား သမီးများမှာ ဖျားနာရောဂါဖြစ်၍ ရန်သူပေါ်မည်။ ဗုဒ္ဓဟူးသားသမီး များမှာလည်း ရောဂါဖြစ်တတ်ပြီးလုပ်ငန်း စီးပွားရေးပျက်စီးတတ်မည်။ ကြာသပတေးများမှာ ရလိုက်ကုန် လိုက်ဖြင့် အကောင်းအဆိုးဒွန်တွဲ နေမည်ဖြစ်သည်။ သောကြာသားသမီးများကံ ပွင့်ပြီး ထူးချွန်အောင်မြင်တိုးတက် မည်ဖြစ်သည်။ စနေသားသမီးများ မှာအကုန်အကျအဆုံးအရှုံး အမျိုး မျိုးဖြစ်ပေါ်တတ်ပြီး တနင်္ဂနွေ၊ သောကြာ၊ ကြာသပတေးဂြိုဟ် များမှလွဲ၍ ကျန်ဂြိုဟ်အားလုံး ညံ့နေကြောင်း ဆရာဒေ၀က အထက်ပါအတိုင်းဟောထားသည်။

ဗေဒင်ပညာရှင်များ၏ နှစ်သစ်အတွက်ဟောကိန်းများကို အနှစ်ချုပ်ရပါက ၁၃၇၃ခုနှစ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ စသဖြင့် ကောင်းမွန်သော အခြေအနေသို့ တိုးတက်လိမ့်မည်ဖြစ်ပြီး အစိုးရ သစ်နှင့်လည်း ကောင်းသော အပြောင်းအလဲများကိုလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။ရှောင်လွှဲမရသော သဘာဝ အန္တရာယ်များကိုလည်း ဂရုတစိုက်
သတိပြုနားစွင့်ထားကြရန်လိုအပ် သည်။

““ကောင်းတာလုပ်ပါ။မကောင်းတာမလုပ်ပါနဲ့။ စိတ်ကို ဖြူဖြူစင်စင်ထားပါဆိုတဲ့ ဗုဒ္ဓရဲ့ သြ၀ါဒအတိုင်း နေထိုင်ကျင့်ကြံခြင်းကို အမြဲဆောင်ရွက်ရန် လိုအပ်ပါသည် ဟု ဒေါက်တာ စောယုနွယ်က တိုက်တွန်းထားပါ သည်။

 

မမျှော်လင့်သောအရှုံး

ဥက္ကာကိုကို နှင့် သန်းဌေး ကွင်းဆင်းရေးသားသည်။

မြင်ကွင်း(၁)

င၀န်မြစ်ဆိပ်တစ်နေရာမှာ စက် လှေကလေးတစ်စင်းထိုးကပ်လာသည်။ လှေပေါ်မှ အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် ယောင်္ကျား၊ မိန်းမများ ဆင်းလာကြသည်။ ထိုအထဲတွင် အသက် ၇၀ ခန့် အဘွားအိုတစ်ဦး လည်းပါသည်။ အဘွားအိုကမ်းပေါ်ရောက်တော့ အကြောင်းသိဖြစ်ဟန်တူသူ တစ်ဦးက ထိုအဘွားအို၏ခါးကို နောက်မှ ရုတ်တရက်လှမ်းတို့ကာ ““အဘွား ဘယ်သွားမလို့လဲ”” ဟုအော်မေး လိုက်သည်။ အဘွားအိုက လန့်ဖြန့်ကာ ယောင်ရမ်းပြီး ““ဒေါက်တာစိုးလွင်ဆီ သွားမှာ၊ဒေါက်တာ စိုးလွင်ဟောပြောပွဲကိုသွားမှာ”” ဟု ဆိုကာ တောင်ဝှေးလေးတမြှောက် မြှောက်ဖြင့်ကမ်းစပ်မှာ ကွေးနေအောင်ကပါတော့သည်။ ခါးတို့၍ မေးသူက မေးလိုက်၊ အဘွားအို က ဒေါက်တာစိုးလွင်ကို သီချင်းလုပ် ၍ကခုန်လိုက်ဖြင့် မြစ်ဆိပ်ကလေး ၏နံနက်ခင်းသည် ရယ်မောသံ တညံညံဖြစ်နေသည်။အချိန်က နိုဝင်ဘာ ၄ ရက် မနက် ခုနှစ်နာရီခွဲခန့်၊ နေရာက ဧရာဝတီတိုင်းဒေသကြီး လေး မျက်နှာမြို့နယ်ရှိ အိုင်သပြုကျေး ရွာတွင်ဖြစ်သည်။စက်လှေဖြင့် လာကြသူများ၊ ထော်လာဂျီ၊ ဆိုင်ကယ်တို့ဖြင့် လာကြသူများ၊ ခြေလျင်လမ်းလျှောက်လာ ကြ သူများ၏ ဦးတည်ရာကား အိုင်သပြုရွာလယ်ရှိ တစ်သီးပုဂ္ဂလအမတ် လောင်းနှစ်ဦး၏ ရုံးခန်း တည်ရှိရာ ရန်ကြီးအောင်ဆန်စက်ဆီသို့ ဖြစ်လေသည်။

 

မြင်ကွင်း (၂)

အိုးစည်ပေါ်တီးခတ်နေသော လက်များက မာန်ပါလှသည်။ ၀ါး လက်ခုပ်တီးသံ တဖြောင်း ဖြောင်း၊ လင်းကွင်းရိုက်သံ တစ် ချမ်းချမ်း၊ ပုလွေမှုတ်သံ တစ်တီတီ ကြားမှာ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦး ကွေးနေအောင် ကနေသည်။ အိုးစည်ဝိုင်းခေါင်း ဆောင်ထံမှ အသံဝါကြီးဖြင့် အော်ဆိုလိုက်သော သီချင်းသံ တစ်ပိုင်းတစ်စက အိုင်သပြုရွာ လယ်တစ်ဝန်း ဖုံးလွှမ်းသွားသည်။““ပြည်သူတွေက ဒီအချိန်မှာ ပါဝင်လက်တွဲပါ…မဲရုံကိုသွားလို့ မဲပေးပါ”” နံနက် ခုနှစ်နာရီခန့်မှာ ရာဂဏန်းရှိသော လူအုပ်က နောက်တစ်နာရီကျော် အကြာ ရှစ် နာရီခွဲခန့်မှာတော့ ထောင်ဂဏန်း ရှိသော လူထုအဖြစ်ပြောင်းလဲ လာနေသည်။ ရန်ကြီးအောင် ဟု ဆိုင်းဘုတ်ချိတ်ထားသော ဆန် စက်ခန်းမအတွင်းမှာတော့ အ ရွယ်စုံ ကျား၊ မ ပရိသတ်များက နေရာ အပြည့်ယူထားကြပြီ ဖြစ်သော်လည်း အပြင်ဘက်တွင် လူများတဖွဲဖွဲရောက်လာနေဆဲ ဖြစ်လေသည်။လူအုပ်ကြားထဲတွင်တော့ အိုးစည်ဝိုင်း ၂၃ ၀ိုင်းက သူ့နေရာ နှင့် သူ့ရွာသားနှင့်သူ မမောမပန်း နိုင်အပြိုင်ကျဲနေကြသည်။

ဆန်စက်အ၀င်အ၀တွင် တစ်သီးပုဂ္ဂလအမတ်လောင်း ဒေါက်တာစိုးလွင်နှင့် ဦးဇော်မင်း သိန်း (ခ) ဦး ဇော်ဝင်း တို့၏ ကိုယ်စားပြု တံ ဆိပ်များဖြစ်သော ချိုးဖြူ နှင့် ဟ င်္သာ ငှက်တို့အား ကြွားဝင့်လျက်ရှိသည်။ ဤမြင်ကွင်းများက ၂၀၁၀ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ (နိုဝင်ဘာ ၇ ရက်) နေ့မ တိုင်မီ နိုဝင်ဘာ ၄ ရက်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာတွင် ပြုလုပ်သော မဲရုံကိုယ်စားလှယ်များ တာဝန်ပေးအပ်ပွဲနှင့် ပြည်သူ့ တွေ့ဆုံပွဲမြင်ကွင်းပင် ဖြစ်သည်။ ခန့်မှန်းခြေ ၂၅၀၀ ၀န်းကျင် ရှိသော တောင်သူလယ်သမား ရွာသူရွာသားများမှာ ပြည်သူ့လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးလွင် နှင့် တိုင်းဒေသကြီး လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဦးဇော်မင်းသိန်း တို့အား ဒေသချစ်စိတ်ဖြင့် လာရောက် အားပေးကြခြင်းဖြစ်သည်။

““အတင်းအကျပ်ခေါ်တာ မဟုတ်ဘူး။ မလာမနေရလည်း မဟုတ်ဘူး။ ဒီနေ့သူတို့ ဟောပြော ပွဲလုပ်မယ်ဆိုတာကြားလို့ လာ တာ။ ကျွန်တော်ကတော့ သူတို့ ကိုကြိုက်တယ်”” ဟု ပရိသတ် ထဲမှ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးကပြောသည်။

နံနက် ကိုးနာရီခန့်တွင် ဟောပြောပွဲကို စတင်လိုက်သည်။ အသံချဲ့စက် ဘောက်စ် ကြီးများမှ တက်ရောက်လာကြသူများအား နိုင်ငံတော်သီချင်းဆိုရန် ဆော်သြလိုက်သော အချိန်မှာ ခန်းမ အတွင်းသာမက နေရာမရ၍အပြင်ဘက် မဏ္ဍပ်များထဲတွင်၊ လမ်းပေါ်တွင် သစ်ပင်ရိပ်များ အောက်တွင် ရှိနေကြသော ၂၅၀၀ကျော် ဒေသခံများ မတ် တပ်ထရပ်လိုက်ကြပြီး ““ကမ္ဘာမကြေ မြန်မာပြည်………”” အစချီကာညီ ညာစွာ သီဆိုလိုက်ကြသံ ဟိန်းညံ သွားလေသည်။ထို့နောက် ဒေါက်တာစိုးလွင် ကိုဇော်မင်းသိန်းနှင့် သူတို့၏ ကိုယ်စားလှယ်နှစ်ဦးက လူထုကို အားမာန် အပြည့်ဖြင့် ဟောပြော ကြသည်။

““ခင်ဗျားတို့ ပါလာမယ်ဆို တာ ယုံကြည်လို့ ကျွန်တော်တို့လုပ်တာ၊ခင်ဗျားတို့ ဘာမှ ကြောက်စ ရာမလိုပါဘူး”” ဟု အမတ်လောင်း တစ်ဦးက စတင်လိုက်သောအခါ ““ဟေး”” ခနဲ အားပေး လိုက်ကြသည်။

““ကိုယ့်မြို့နယ်က ခေါင်း ဆောင်ကို အရက်သမား၊ ဖဲသမား ကိုရွေးချယ်စရာမလိုပါဘူး”” ဟုပြော သော အခါတွင်လည်း ကျေနပ်စွာ လက်ခုပ်တီးကြပြန်သည်။ ဟောပြောသူက ပြော၍ အားပေးသူ များကလည်း လက် သီးလက်မောင်းတန်း၍ လက်ခုပ် တီးကြသည်၊ ပြည်သူများ၏မျက် နှာတွင် အားရဟန် အလိုပြည့်ဟန်များ ပေါ်နေသလို နောက်လာမည့် အနာဂတ်အတွက် သူတို့ လိုချင် သည့် ကိုယ်ပိုင် ကိုယ်စားလှယ် များကို ရရှိထားပြီ ဟူသော မျှော်လင့်ချက်တွေ အရောင် လက် နေကြသည်။

““မှန်လိုက်တာကွာ””

““ကောင်းတယ်””

““ ဒီလိုပြောပစ် ရမှာ””

““ဒါမှ ဒီမိုကရေစီ””    စသော အသံများ လူထုပရိသတ်များ၏ ပွင့်အန်ကျလာသော ကျေနပ်မှု များဖြစ်သည်။ဆက်လက်၍ ရန်ကုန်မြို့ပေါ်မှ တကူးတက လာရောက်ကြသော မြောက် ဥက္ကလာပ မြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေ နှင့် ပုဇွန်တောင်မြို့ နယ် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးရန်ကျော် တို့က ဟောပြောကြရာတွင်လည်း လက် ခုပ်သံမစဲ။

““ခြင်္သေ့ကြီးကို အပြတ်နှံရ မယ်”” Read the rest of this entry »

 

သေခြင်းတရားကို၊ ရေတွင်းနားမှာ၊ ထွေခင်းကစားမယ်လို့ ကြုံးဝါးခဲ့သူ (သို့မဟုတ်) စာရေးဆရာကြီးအီကြာကွေး

ဥက္ကာကိုကို
ရန်ကုန်၊ ဒီဇင်ဘာ – ၁၉

““ဟိုက်..ရှာလပတ်ရည်””ဟူ သောအာမေဋိတ်သံကိုကြားလျှင် ဂုရုကွေးကြီး(ခေါ်) ဆရာကြီးအီ ကြာကွေး၏ မူပိုင်စကားလုံးတစ် ရပ်ဖြစ်ကြောင်း စာဖတ်ပရိသတ် များသိရှိကြပြီးဖြစ်သည်။
အသက် ၃၀၀၀ရှည် ဆရာ ကြီးဂုရုကွေး၊ တကာတော်ငဆိတ် နှင့်ဟာကြူလီငပျော့ စသောဇာတ် ကောင်များဖြင့် သရော်စာပေများ ကို တစ်စိုက်မိတ်မတ်ရေးသားခဲ့သူ ဆရာကြီးအီကြာကွေးသည် ယခု လ ၁၅ရက် ညနေ ၆နာရီတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ လူကြီး ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက် ရှိသွားပြီဖြစ်သည်။
““စဖြစ်တုန်းက သင်္ဃန်းကျွန်း ဆေးရုံကိုတက်သေးတယ်။ အ ကြာကြီးမဟုတ်ဘူး။ ညဘက်ပြန် ဆင်းလာတယ်။ အိမ်မှာ စာရေး သေးတယ်။ ပါးစပ်က ခေါ်ပေးတာ ကို ကျွန်တော်တို့ကလိုက်ရေးရတာ ပါ။ လူကြီးရောဂါလို့ပဲပြောရမယ်။ စုံနေတာပဲ။ ကျောက်ကပ်လည်း မကောင်းဘူး။ မဆုံးခင် လေဖြတ် သေးတယ်””ဟု ဆရာကြီးနှင့် အတူ နေတပည့်နှစ်ဦးဖြစ်သောကိုဇော် မင်းထွန်းနှင့်ကိုအောင်နိုင်စိုးတို့က ပြောပြ သည်။
ကိုဇော်မင်းထွန်းနှင့်ကိုအောင် နိုင်စိုးတို့သည် ဆရာကြီးနှင့်တစ် အိမ်တည်းအတူနေ သည်မှာ ရှစ် နှစ်ကျော်ပြီဖြစ်သည်။ ၎င်းင်းတို့ကပင် ဆရာကြီး၏ ဝေယျာဝစ္စများကို ပြု စုစောင့်ရှောက်ကာ နောက်ဆုံး အချိန်အထိ Read the rest of this entry »

 

အမှန်တရား၊ အလှတရား၊ ချစ်ခြင်းတရားတို့ စုဝေးရာ နေရာ တစ်နေရာ

ဥက္ကာကိုကို
ရန်ကုန်၊ ဒီဇင်ဘာ – ၁၁

““အလှပညာ (၀ါ) အနုပညာသည် လူသားထံသို့ အမှန်တရား (သစ္စ)၊ အလှတရား (သောဘ)၊ ချစ်ခြင်း တရား (မေတ္တ) တို့ကိုဆောင်ကြဉ်း လာ၏””

(At come to us with the ministry of truth, beauty and love) ဟူသော ဆောင်ပုဒ်နှင့် အတူ ရန်ကုန်မြို့၊ ပန်းဆိုးတန်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကမ္ဘာ့ သက်တော်ရှည် ““လောကနတ်”” အ နုပညာပြခန်းသည် ယခုနှစ်၊ ဒီဇင်ဘာ လတွင် ၃၉ နှစ်တင်းတင်းပြည့် ခဲ့ပြီ ဖြစ်သည်။
နှစ်စဉ်ပြုလုပ်နေကြဖြစ် သော နှစ်ပတ်လည် ပန်းချီပြပွဲကို လည်းပြခန်းအဖွဲ့ဝင်များ က ယခု လ ၄ ရက်မှ ဇန်န၀ါရီ ၃၀ ရက် အထိနေ့စဉ် ၉ နာရီမှ ၅ နာရီအ ထိ ပြသ လျက် ရှိသည်။

နှစ်ပတ်လည်ပန်းချီပြပွဲမှမြင်ကွင်းတစ်ခု

လောကနတ်ပြခန်းကို ၁၉၇၁ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် အနုပညာ မြတ်နိုးသူ ၂၂ ဦးက အ နုပညာချစ်သူများအတွက် ရည်စူး ၍တည်ထောင်ခဲ့ပြီး ထိုအဖွဲ့ဝင် ၂၂ ဦးထဲမှ လက်ရှိ နှစ်ဦးသာ ကျန် ရှိတော့ကြောင်း သိရသည်။
ကျန်ရှိနေသူများမှာ ပန်းချီဒေါက်တာစန်းမြင့်နှင့် ပန်းချီဦးဖေညွန့်ဝေတို့ ဖြစ်ပြီး ဒေါက်တာ စန်းမြင့်မှာ အင်္ဂလန်နိုင်ငံသို့ ရောက် ရှိနေခြင်းကြောင့် ယခုနှစ်ပတ်လည် ပြပွဲတွင် တက်ရောက်နိုင်ခြင်းမရှိခဲ့ ပေ။

ပြခန်းစတင်တည်ထောင်ရာ တွင်အကျိုးဆောင် ဒါရိုက်တာများ Read the rest of this entry »

 

၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဆိုခြင်းမှာ ကောလဟာလသာဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်ပညာရှင်အဖွဲ့က ကြေညာ

Nibiru

လာမည့် 2012 တွင် နေနှင့် ကမ္ဘာကြားမှ နီဘရူးဂြိုဟ်ဖြတ်သန်းသွားမည့်ပုံ.... (ပုံ- နက္ခတ်အဖွဲ့)ဥက္ကာကိုကိုရန်ကုန်၊ နိုဝင်ဘာ-၆

လတ်တလောအင်တာနက်ပေါ် တွင် ပျံ့နှံ့ရေပန်းစားနေခဲ့သော လာမည့် ၂၀၁၂ ခုနှစ်၌
ကမ္ဘာပျက် မည်ဆိုသည့် သတင်းဆောင်းပါး တစ်ပုဒ်မှာ ကောလဟလသာဖြစ် ၍
နက္ခတ်ဗေဒအရ မည်သို့မှ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းမြန်မာနိုင်ငံနက္ခတ်ပညာရှင်များ အဖွဲ့မှ အထောက်အထားခိုင်လုံ စွာတွက်ချက်ငြင်းဆိုလိုက်သည်။
အဆိုပါ ကောလဟလသတင်း သည် အင်တာနက်ပေါ်တွင် အချိန်ကြာမြင့်စွာရေပန်းစားလျက် ရှိပြီး၊ အင်တာနက်အသုံးပြုသူတို့ ၏ မေးလ်များထဲတွင်ပျံ့နှံ့နေရာ ယူထားကာအချက်အလက်ခိုင်လုံ အောင်ရေးသားထားမှုများကြောင့်တချို့သော သူများ၏စိတ်ထဲတွင် ကမ္ဘာတကယ်ပျက်တော့မည်လော ဟူသည့်စိုးရိမ်ကြောင့်ကြမှုများ
ဖြစ်ပေါ်နေရကြောင်း သိရသည်။
““ဒီသတင်းဖြစ်ပေါ်လာပုံက တော့ နီဘရူး(Nibiru) အမည်ရ တဲ့
ဂြိုဟ်တစ်လုံးဟာ ၂၀၁၀၊ ဒီဇင် ဘာမှာ ကမ္ဘာနဲ့နေအကြားက ဖြတ်သန်းသွားဖို့ရှိနေတယ်။အဲဒီမှာ စိုး ရိမ်မှုလွန်ကဲတဲ့သူတွေက အဲဒီ့ဂြိုဟ်ဟာ ကမ္ဘာကြီးကို တိုက်ခိုက် လာနိုင်တယ်လို့ သံသယဖြစ်မှုကနေစတင်ခဲ့တာပါ”” ဟု မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များ အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဦးဇေယျာကို က 7Day News သို့ပြောသည်။
နီဘရူးဂြိုဟ်သည် လာမည့် ၂၀၁၀ ဒီဇင်ဘာတွင် ကမ္ဘာနှင့် နေ ကြားမှအမှန်တကယ်ဖြတ်သန်း သွားမည်ဖြစ်ပြီး၊ နေ၊ နီဘရူးဂြိုဟ် နှင့်ကမ္ဘာဂြိုဟ်တို့တစ်တန်းတည်း ဖြစ်သည့်အချိန်တွင် နီးဘရူးဂြိုဟ် ၏ဆွဲငင်အားများက ကမ္ဘာအပေါ် သက်ရောက်ကောင်း သက်ရောက် နိုင်လိမ့်မည်ဟုသိပ္ပံပညာရှင်တချို့ က စိုးရိမ်ကြရာမှ ယခုကဲ့သို့ သတင်းထွက်ပေါ်ခဲ့ရခြင်းဟု
သိရ သည်။
နီဘရူးဂြိုဟ်သည် အနီရောင် သဏ္ဌာန်ရှိပြီး၊ နေကိုတစ်ပတ်ပတ်
မိရန်နှစ်ပေါင်း ၃၆၀၀ ကြာမြင့်ကာ ကမ္ဘာဂြိုဟ်ထက် ၁၁ ဆကြီးမား၍ ကမ္ဘာမြေမှ
ကြည့်လျှင်ကြယ်ပွင့်ပုံ စံနှင့် ရံဖန်ရံခါတွေ့ရှိနိုင်ပြီး၊ ကမ္ဘာ့တောင်ဖက်စွန်းမှ ထင်ရှားစွာမြင် နိုင်ကြောင်း သိရသည်။အဆိုပါ ဂြိုဟ်ကို ၁၉၈၃ ခု နှစ်တွင် အမေရိကန်အာကာသ သိပံ္ပ(နာဆာ)ကနီဘရူး(Nibiru) ဟူသော အမည်ကို စတင်ပေးခဲ့ ကြောင်း သိရသည်။
ကမ္ဘာပျက်သည့် နှစ်ကာလ များကို နက္ခတ်ဗေဒနှင့်တွက်သည့် စနစ်ရှိပြီး၊
စနစ်ဥပဒေပါဝင်သော နက္ခတ်ကျမ်းအမည်မှာ သူရိယသိဒ္ခန္တကျမ်းဖြစ်ကြောင်း
သိရသည်။
၎င်းကျမ်းအရ ကမ္ဘာပျက်မှု တွက်ချက်သည့်စနစ်တွင် ကပ်တစ်ကပ်ပြည့်လျှင်
ကမ္ဘာပျက်တတ်ကာ ကပ်တစ်ကပ်တွင် နက္ခတ်အခေါ် စတုယုဂ်ပေါင်းတစ်ထောင်ပါဝင် ပြီး၊
စတုယုဂ်တစ်ခု၏ သက်တမ်း မှာ နှစ်ပေါင်း ၄၃ သိန်း ၂ သောင်း ပါဝင်၍စတုယုဂ်သက်တမ်းတစ်ခု လျှင် ယုဂ်လေးပါးဖြင့် ထပ်မံခွဲ ထွက်ကြောင်းအောက်ပါအတိုင်း သိရသည်။
(၁) ကတယုဂ်(Golden Age)-နှစ်ပေါင်း -၁၇၂၈၀၀၀၊ (၂) တြေတယုဂ်(Silver
Age)-နှစ် ပေါင်း-၁၂၉၆၀၀၀၊ (၃) ဒွါပရယုဂ် (Brazen
Age)-နှစ်ပေါင်း-၈၆၄၀၀၀၊ (၄) ကလိယုဂ် (Iron Age)-နှစ်ပေါင်း-၄၃၂၀၀၀
ဘဒ္ဒကမ္ဘာဟုခေါ်တွင်သော လက်ရှိကမ္ဘာမြေသည် ကလိယုဂ် တွင်ရောက်ရှိနေပြီး
ကလိယုဂ် သည် ခရစ်တော်မပေါ်မီ ဘီစီ ၃၁၀၁ နှစ်တွင် စတင်ခဲ့ကာ ယခု
ခရစ်တော်ပေါ်ပြီး အေဒီ ၂၀၁၀ ကို ရောက်ရှိနေပြီဖြစ်သောကြောင့် နှစ်ပေါင်း
၅၁၁၁ ခုနှစ်ကို ကျော် ဖြတ်ခဲ့ပြီးဖြစ်၍ လက်ကျန်နှစ် ပေါင်း ၄၂၆၈၈၉ နှစ်ကျန်ရှိနေ သေးကြောင်း နက္ခတ်ပညာရှင်များ ကအဆိုအရ သိရသည်။
““ကမ္ဘာအနေနဲ့ ကလိယုဂ် ကုန်ရင်  ကတယုဂ်ကပြန်စတယ်။ ပြန်စတဲ့အချိန်မှာ
ဘုရားပွင့်တာ မျိုး၊ လူ့သမိုင်းကြောင်း ပြန်စတာ မျိုးတွေဖြစ်ကောင်း
ဖြစ်နိုင်တယ်။ ကမ္ဘာပျက်ဖို့ နှစ်ပေါင်း ၄ သိန်း ကျော်ကျန်သေးတယ်။ ဘုရား
ဟောအရလည်း လက်ရှိကာလမှာ ကမ္ဘာမပျက်နိုင်သေးပါဘူး။ နီဘရူး ဂြိုဟ်က ကမ္ဘာကို
ဝင်မတိုက်နိုင်တဲ့ အပြင် ပြင်းထန်တဲ့ဘေးအန္တရာယ် ပေါ်နိုင်ဖို့အလွန်နည်းပါးပါတယ်””
ဟု ဦးဇေယျာကိုက ပြောသည်။
နက္ခတ်ပညာရှင်များအနေ ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၏
တိုင်းပြည်တည်ထောင် သည့် ဇာတာ၊ လွတ်လပ်ရေးရယူ သည့် ဇာတာတို့ဖြင့်ဆန်းစစ်တွက်ချက်ခြင်းဖြစ်ပြီး၊ လာမည့် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဟုဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်းနှင့် ချွင်း ချက်အနေဖြင့် ၂၀၁၂ တွင်
အင်အားကြီးနိုင်ငံတချို့၏ စစ်မက်ရေး ရာပြဿနာများသာ ပေါ်ပေါက်
လာနိုင်ကြောင်း သိရသည်။
 

Tags:

 
Follow

Get every new post delivered to your Inbox.