RSS

Category Archives: လတ်တလောသတင်းများ

နာဂစ်ကြောင့်မိသားစုဆုံးရှုံးခဲ့ပြီး ခြေထောက်တွင် နာတာရှည်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အတွက် အလှူငွေများ လိုအပ်နေ

ဥက္ကာကိုကို
ရန်ကုန်၊ ဖေဖော်ဝါရီ-၂၆

၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် မိဘနှစ်ပါးနှင့်မောင်နှမအားလုံးဆုံးရှုံးခဲ့သောကလေးငယ်တစ်ဦးသည်  မုန်တိုင်းတိုက်ခတ်စဉ်ရရှိခဲ့ သည့် ခြေထောက်ဒဏ်ရာအား အလှူရှင်များ၏ အကူအညီဖြင့် ခွဲစိတ်ကုသရာ အရိုး၌တီဘီပိုးတွေ့ရှိနေပြီး ဆက်လက်ကုသရန် ဆေးဝါးကုသစရိတ် အရေးပေါ်လိုအပ်လျှက်ရှိနေကြောင်း သတင်းရရှိသည်။
ကလေးငယ်မှာ ၇တန်းသို့ရောက်ရှိနေပြီးဖြစ်သော အသက်၁၅နှစ်အရွယ်မောင်နိုင်လင်း(ခ) မောင်လင်းလင်းအောင်ဖြစ်ကာ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာအုပ်စု၊ညီနောင်ကြီးကျေးရွာမှဖြစ်သည်။
မောင်နိုင်လင်းမှာ နာဂစ်တိုက်ခတ်သည့်ညကရေကြီးပြီးလေပြင်းထန်လွန်းသဖြင့်သူတို့နေထိုင်သည့်အိမ်ကလေးပြိုကျသွားခဲ့သော ကြောင့် သစ်ပင်ပေါ်သို့တက်ရောက်နေခဲ့သည်။ လေငြိမ်သွားသော နံနက်သုံးနာရီခန့်တွင် သစ်ပင်အောက်သို့ဆင်းလာရာ ခြေချော်လဲကျပြီး မြေပေါ်မှသွပ်ပြားကြီးတစ်ချပ်ပေါ်ဒူးထောက်ရက်သားဖြစ်သွားကာပြတ်ရှဒဏ်ရာကြီးမားစွာရရှိသွားခဲ့သည်။

အခင်းဖြစ်သည့်အချိန်တွင် မောင်နိုင်လင်း၏မိဘနှစ်ပါးနှင့် အစ်ကိုတစ်ဦး၊ ညီမငယ်တစ်ဦးမှာ မုန်တိုင်းဒဏ်ကြောင့်ဆုံးပါးသွားခဲ့ပြီ
ဖြစ်ကြောင်းသိရသည်။ ထိုစဉ်ကမောင်နိုင်လင်းမှာ လေးတန်းအောင်မြင်ပြီးစ အသက် ၁၂နှစ်အရွယ်ဖြစ်ပြီး မုန်တိုင်းအပြီးတွင် အဘွားဖြစ်သူရှိ ရာလေးအိမ်တန်းကျေးရွာသို့ လူကြုံများနှင့် လိုက်ပါလာခဲ့ရပြီးကောက်ညင်းထုပ်နှင့်မုန့်ပဲသရေစာရောင်းချသော အဘွားနှင့်အတူနေထိုင်ခဲ့ရသည်။
သွပ်ပြားထိရှသောဒဏ်ရာအားဘိုကလေးဆေးရုံတွင်ကုသခဲ့သေးပြီးဆေးရုံဆင်းစဉ်ကလမ်းလျှောက်နိုင်သော်လည်း အကင်းမသေခဲ့ ဘဲ တစ်နေ့ထက်တစ်နေ့ဒဏ်ရာမှာယောင်ကိုင်းလာနေခဲ့သည်။ သို့သော်လည်း အန်ဂျီအိုအဖွဲ့အစည်းများ မှ ကျောင်းထားပေးသောကြောင့် ငါးတန်းနှင့်ခြောက်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့သည်။
ထောက်ပံ့ငွေများမှာအဘွားဖြစ်သူအတွက်စီးပွားရေးအရင်းအနှီးမျှသာဖြစ်ခဲ့ပြီးမောင်နိုင်လင်းအတွက် ဆေးဖိုးမပါဝင်ခဲ့ချေ။
အဘွားဖြစ်သူနှင့်အတူလှေလှော်၍ဈေးလိုက်ရောင်းရင်း ကျောင်းတက်နေရင်းမှာပင် မောင်နိုင်လင်း၏ သွပ်ပြားပြတ်ရှဒဏ်ရာမှာ ကျည်းပေါင်း တက်သကဲ့သို့ဖြစ်လာကာ ယောင်ကိုင်းမှုက ပိုမိုဆိုးရွားလာသဖြင့် ယခုနှစ်တွင်၇တန်းကိုမတက်ရောက်နိုင်တော့ သည့်အပြင် လမ်းပင်မလျှောက်နိုင်တော့ဘဲ သစ်သားတုတ်ကောက်တစ်လက်ဖြင့် လှုပ်ရှားနေခဲ့ရသည်။
တဖြည်းဖြည်းနှင့် သက်သာမှုမရှိဘဲပိုမိုသာဆိုးလာနေသဖြင့် Save the Children အဖွဲ့မှတတ်နိုင်သရွေ့ကူညီတင်ပြပေးကာ
မောင်နိုင်လင်းနေထိုင်ရာရွာ၏ရန်ပုံငွေသုံးသိန်းကျပ် နှင့်အလှူရှင်အဖွဲ့အစည်း၏အလှူငွေသုံးသိန်းဖြင့် ရန်ကုန်သို့တက်ရောက် ကာ ဗဟိုရ်စည် ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစတက်ခဲ့သည်။
ဆေးရုံစတက်စဉ်က ခန့်မှန်းခြေငွေကျပ်လေးသိန်းခွဲခန့်သာကုန်ကျမည်ဟု ဆရာဝန်များ မှ ခန့်မှန်းပေးကြသော်လည်း
လက်တွေ့တွင်မလောက်ငှဘဲဆေးဝါးကုသရန်ငွေကြေးအခက်အခဲဖြစ်နေ ခဲ့သောကြောင့် ဆေးရုံမှဆင်းခဲ့ရသည်။ လက်ရှိတွင် မောင်နိုင်လင်း၏ ခြေထောက်ဒဏ်ရာကြီးကို ခွဲစိတ်ထားပြီး ဗဟိုရ်စည်မှခွဲစိတ်ဆရာဝန်ကြီးဦးကျော်မြင့်နိုင်ကစမ်းသပ်ခ မယူဘဲ ဂရုဏာဖြင့်ကြည့်ရှုပေးခဲ့ကာဒူးရိုးအားပြန်ဆက်စေရန်စတီးချောင်းနှစ်ခုထည့်သွင်း၍ဆွဲစိထားရသည်ဟုသိရသည်။ ခြေထောက်ဒဏ်ရာ မကောင်းမွန်သေးသည့်အပြင် အရိုးတွင်တီဘီပိုးတွေ့ရသဖြင့် တီဘီဆေးများကိုပါသောက်သုံးနေရသည်။ မောင်နိုင်လင်းအားဂရုဏာသက်သဖြင့် မော်ကျွန်းမြို့၊ မြင်းကကုန်းကျေးရွာအုပ်စုမှ Save the Children အဖွဲ့ဝင်တချို့က စေတနာ့ ၀န်ထမ်းအဖြစ်ရန်ကုန်အထိလိုက်ပါစောင့်ရှောက်ပေးထားကြပြီးဆေးရုံတွင်ဖေဖော်ဝါရီလကုန်အထိခန့်သာ ဆက်နေရ တော့မည်ဖြစ်သောကြောင့်နီးစပ်ရာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင်တည်းခိုနေထိုင်ရင်း ဆေးဝါးဆက်လက်ကုသနိုင်ရန် အလှူရှင်များကိုမျှော်လင့်နေရသည်ဟု သိရသည်။ သို့ဖြစ်ပါ၍ မိဘနှင့်မောင်နှမများ ဆုံးရှုံးခဲ့ရသော လက်ရှိ၇တန်းကျောင်းသား လေး မောင်နိုင်လင်း(ခ)မောင်လင်းလင်းအောင်အတွက် ဆေးဝါးဆက်လက်ကုသပျောက်ကင်းနိုင်ရန် ဂရုဏာထားလှူဒါန်းလိုကြ သည့် စေတနာရှင်ကြီးများအနေဖြင့် မြင်းကကုန်းကျောင်းဘုန်းတော်ကြီးအရှင်ဦးဝန္နိဒ၊ ဖုန်း- ၀၉ ၈၅၉၈၂၁၁ သို့ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း သတင်းရရှိပါသည်။

 

Tags:

ရှုံးသွားတဲ့ အမတ်လောင်းတချို့ရဲ့ သဘောထား ကြေငြာချက်

၂၀၁၀ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲအပြီးသဘောထားကြေငြာချက်

v  ၂၀၁၀ ရွေးကောက်ပွဲကြီးသည် နည်းစံစနစ်တကျမရှိဘဲ ပြီးဆုံးသွားကြောင်း မိမိတို့လက်ဝယ်ရှိ အထောက်အထားများအရ အတည်ပြုသည်။

v  ရွေးကောက်ပွဲရလဒ်များသည် တရားမျှတမှုမရှိဟု သုံးသပ်သည်။

v  ဓမ္မနှင့် အဓမ္မမခွဲခြားဘဲ နိုင်လိုစိတ်ပြင်းပြသူတို့၏ အင်အားကြီးမှုနှင့် အင်အားသုံး၍ဖိနှိပ်အနိုင်ယူမှုကို အသိအမှတ်ပြုသည်။

v  ပြည်သူတို့၏ရပိုင်ခွင့်များကို အသိပေးပြောကြားရန် အချိန်နောက်ကျခဲ့ခြင်းအတွက် မိမိတို့တွင် တာဝန် ရှိကြောင်း ၀န်ခံသည်။

v  ရလဒ်ကို အသိအမှတ်မပြုလျှင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရရှိမည်မဟုတ်ဘဲ ပြည်သူအများအတွက် အမှန်တကယ် ထိခိုက်နေသည့် စီးပွားရေးပိတ်ဆို့မှုများသည်လည်း လျော့ကျသွားနိုင်မည် မဟုတ်ကြောင်း သုံးသပ်သည်။

v  အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူတို့အကြား အနှစ် ၂၀ ကျော် တည်ရှိနေခဲ့သည့် အပြန်အလှန်မယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိခြင်းကို မဖြေရှင်းနိုင်လျှင် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် ဖြစ်နေဦးမည်သာဖြစ်သည်။

သို့အတွက်………….

v  (၁) မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲရလဒ်ကို လက်ရှိအခြေအနေ အရပ်ရပ်ကို  ထောက်ထား၍ ယာယီအားဖြင့်လက်ခံသည်။

v  (၂)  ပြည်သူများ၏ရပိုင်ခွင့်များကို ဥပဒေနှင့်အညီခံစားနိုင်ရေးအတွက် ပြည်သူများအစဉ်နိုးကြားစေရန် အသိပညာပေးမှုများ အစဉ်တစိုက်ပြုလုပ်သွားမည်။

v  (၃) အစိုးရနှင့်ပြည်သူအကြား အပြန်အလှန်ယုံကြည်မှုရရှိနိုင်ရေး အစွမ်းကုန်ကြိုးစားသွားမည်။

v  (၄) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အမှန်တကယ်ထိထိရောက်ရောက်ရှိစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်မည်။

v  (၅)  စီးပွားရေးပိတ်ဆို့မှုများ လျော့ကျနိုင်မှသာ ပြည်သူတို့၏ဒုက္ခကိုကယ်တင်နိုင်မည် ဖြစ်သဖြင့် မိမိတို့၏ ပုဂ္ဂလိက အကြောင်းအရာများကို ပြည်သူ့ဒုက္ခနှင့်လဲလှယ်ရန် ဆုံုးဖြတ်ထားပါသည်။

v  (၆) အနိုင်ရ အင်အားကြီးပါတီ၏ ကတိပြုချက်များ အမှန်တကယ်ပြည်သူထံရောက်ရှိခံစားနိုင်ရေး အတိုက်အခံအနေ ဖြင့် နည်းလမ်းမျိုးစုံသုံး တွန်းအားပေး၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်မည်။

v  (၇) အနိုင်ရအင်အားကြီးပါတီ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အမြဲမပြတ်လေ့လာနေပြီး ပြည်သူ့အကျိုးမဲ့လုပ်ငန်းများအား အစဉ်သဖြင့် တားမြစ်သွားမည်။

v  (၈) လူငယ်မျိုးဆက်သစ်များအား နိုင်ငံရေးပညာများ လွတ်လပ်စွာ ဆည်းပူးလေ့လာခွင့်ရရှိရေး ဆောင်ရွက်သွားမည်။

တောင်းဆိုချက်များ

၁၉၈၈ မှ ယနေ့အချိန်ထိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရင်းနှင့် ……..

(၁) ကျဆုံးသွားသူများကို အသိအမှတ်ပြုရန် တောင်းဆိုသည်။

 

(၂) အကျဉ်းကျသူများအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်။

 

(၃) ပြည်ပရောက်နိုင်ငံသားများအား ခြွင်းချက်မရှိလွတ်ငြိမ်းချမ်းသာမှုနှင့်အတူ နိုင်ငံတွင်းပြန်လာခွင့်ရရေး တောင်းဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ

(၁၁.၁၁.၂၀၁၀)

ဒီကြေငြာချက်ဆိုတဲ့စာကို ၁၁.၁၁.၂၀၁၀ နေ့က ရန်ကုန်မြို့ ပြည်လမ်း ၇ မိုင်ခွဲက Cafe 47 ဆိုတဲ့ဆိုင်လေးမှာ ပြည်တွင်းပြည်ပသတင်းထောက်တချို့ရှေ့မှာ ရှုံးနိမ့်သူအမတ်တချို့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်….။ အဲ့ပွဲလေးမှာ အမတ်တွေက သူတို့ရှုံးနိမ့်ခဲ့တဲ့မြို့နယ်က မဲလိမ်မှုတွေအကြောင်း ၊ မသမာမှုတွေအကြောင်းကို အထောက်အထား သက်သေခံများစွာနဲ့ တင်ပြသွားကြပါတယ်။

(ဥက္ကာကိုကို)

 

တက္ကစီပေါ် မေ့ကျန်ပစ္စည်းယူသွားသူက ငွေညှစ်

ဥက္ကာကိုကို
ရန်ကုန်၊ ဒီဇင်ဘာ- ၂၀

အောင်မင်္ဂလာအဝေးပြေးညပိုင်းတက္ကစီအဖွဲ့မှ တက္ကစီတစ်စီး၏ နောက် ခန်းထဲတွင်ခရီးသည်မေ့ကျန်ခဲ့သောလက်ပ်တော့တစ်လုံးအားတခြားခရီးသည် တစ်ဦးက ယူဆောင်သွားခဲ့ပြီး တက္ကစီ မောင်းနှင်သူက တာဝန်ယူ လိုက်လံ တောင်းရမ်းရာတွင် ပြန်မပေးဘဲ ငွေညှစ်သော ကြောင့် အဆိုပါ တက္ကစီ သမားကိုယ်တိုင်ငွေပေး၍ ပြန်ရွေးလာခဲ့ရသော ဖြစ်စဉ်တစ်ခု ယခုလ တတိယ ပတ်အတွင်း ဖြစ် ပွားခဲ့ရကြောင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မြ၀တီမြို့မှ အဆွေတော်အဝေးပြေးကားဖြင့် ပြန်လာသောကိုစည်သူလွင်နှင့် မဇင်သီထွန်းတို့မောင်နှမနှစ်ဦး သည် နံနက် ၃ နာရီခွဲခန့်တွင် အဝေးပြေးရပ်နားကွင်း (၁)မှ ကို မောင်မောင်ညိမ်းသူ၏ ညပိုင်း တက္ကစီကို ငှားရမ်းကာ မြို့ထဲရှိ ၇ လမ်းသို့ သွားရောက်ရာတွင် နောက်ခန်းခြေနင်းခုံတွင် အိတ်အ မည်းဖြင့် လက်ပ်တော့တစ်လုံး မေ့ကျန်ရစ်ခဲ့သည်။
ယာဉ်မောင်းသူလည်း သတိမပြုမိဘဲ အောင်မင်္ဂလာအဝေး ပြေးသို့ ပြန်လာကာ နောက်ထပ် ခရီးသည်သုံးဦးအား နံနက် ၆ နာရီခွဲခန့်တွင် ထပ်မံပို့ဆောင်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး စုံတွဲတို့မှာ ကမာရွတ်၊ စံရိပ်ငြိမ်မှတ် တိုင်တွင်ဆင်းသက်သွားပြီး ကျန်အမျိုးသမီးတစ်ဦးကို မြေနီကုန်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။
ထိုနေ့ညတွင် လက်ပ်တော့ ပိုင်ရှင်ဖြစ်သော ကိုစည်သူလွင်၊ မဇင်သီထွန်းတို့၏ အစ်ကိုဖြစ်သူ ကိုအောင်ဇေဖြိုးက အောင်မင်္ဂလာ အဝေးပြေးရှိ စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးရုံးသို့လာရောက်၍ပစ္စည်းကျန်ရစ်ခဲ့မှုအားယာဉ်နံပါတ်နှင့်တကွအသိပေး တိုင်ကြား ခဲ့ရာ တာဝန်ရှိသူများက Read the rest of this entry »

 

၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဆိုခြင်းမှာ ကောလဟာလသာဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်ပညာရှင်အဖွဲ့က ကြေညာ

Nibiru

လာမည့် 2012 တွင် နေနှင့် ကမ္ဘာကြားမှ နီဘရူးဂြိုဟ်ဖြတ်သန်းသွားမည့်ပုံ.... (ပုံ- နက္ခတ်အဖွဲ့)ဥက္ကာကိုကိုရန်ကုန်၊ နိုဝင်ဘာ-၆

လတ်တလောအင်တာနက်ပေါ် တွင် ပျံ့နှံ့ရေပန်းစားနေခဲ့သော လာမည့် ၂၀၁၂ ခုနှစ်၌
ကမ္ဘာပျက် မည်ဆိုသည့် သတင်းဆောင်းပါး တစ်ပုဒ်မှာ ကောလဟလသာဖြစ် ၍
နက္ခတ်ဗေဒအရ မည်သို့မှ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းမြန်မာနိုင်ငံနက္ခတ်ပညာရှင်များ အဖွဲ့မှ အထောက်အထားခိုင်လုံ စွာတွက်ချက်ငြင်းဆိုလိုက်သည်။
အဆိုပါ ကောလဟလသတင်း သည် အင်တာနက်ပေါ်တွင် အချိန်ကြာမြင့်စွာရေပန်းစားလျက် ရှိပြီး၊ အင်တာနက်အသုံးပြုသူတို့ ၏ မေးလ်များထဲတွင်ပျံ့နှံ့နေရာ ယူထားကာအချက်အလက်ခိုင်လုံ အောင်ရေးသားထားမှုများကြောင့်တချို့သော သူများ၏စိတ်ထဲတွင် ကမ္ဘာတကယ်ပျက်တော့မည်လော ဟူသည့်စိုးရိမ်ကြောင့်ကြမှုများ
ဖြစ်ပေါ်နေရကြောင်း သိရသည်။
““ဒီသတင်းဖြစ်ပေါ်လာပုံက တော့ နီဘရူး(Nibiru) အမည်ရ တဲ့
ဂြိုဟ်တစ်လုံးဟာ ၂၀၁၀၊ ဒီဇင် ဘာမှာ ကမ္ဘာနဲ့နေအကြားက ဖြတ်သန်းသွားဖို့ရှိနေတယ်။အဲဒီမှာ စိုး ရိမ်မှုလွန်ကဲတဲ့သူတွေက အဲဒီ့ဂြိုဟ်ဟာ ကမ္ဘာကြီးကို တိုက်ခိုက် လာနိုင်တယ်လို့ သံသယဖြစ်မှုကနေစတင်ခဲ့တာပါ”” ဟု မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များ အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဦးဇေယျာကို က 7Day News သို့ပြောသည်။
နီဘရူးဂြိုဟ်သည် လာမည့် ၂၀၁၀ ဒီဇင်ဘာတွင် ကမ္ဘာနှင့် နေ ကြားမှအမှန်တကယ်ဖြတ်သန်း သွားမည်ဖြစ်ပြီး၊ နေ၊ နီဘရူးဂြိုဟ် နှင့်ကမ္ဘာဂြိုဟ်တို့တစ်တန်းတည်း ဖြစ်သည့်အချိန်တွင် နီးဘရူးဂြိုဟ် ၏ဆွဲငင်အားများက ကမ္ဘာအပေါ် သက်ရောက်ကောင်း သက်ရောက် နိုင်လိမ့်မည်ဟုသိပ္ပံပညာရှင်တချို့ က စိုးရိမ်ကြရာမှ ယခုကဲ့သို့ သတင်းထွက်ပေါ်ခဲ့ရခြင်းဟု
သိရ သည်။
နီဘရူးဂြိုဟ်သည် အနီရောင် သဏ္ဌာန်ရှိပြီး၊ နေကိုတစ်ပတ်ပတ်
မိရန်နှစ်ပေါင်း ၃၆၀၀ ကြာမြင့်ကာ ကမ္ဘာဂြိုဟ်ထက် ၁၁ ဆကြီးမား၍ ကမ္ဘာမြေမှ
ကြည့်လျှင်ကြယ်ပွင့်ပုံ စံနှင့် ရံဖန်ရံခါတွေ့ရှိနိုင်ပြီး၊ ကမ္ဘာ့တောင်ဖက်စွန်းမှ ထင်ရှားစွာမြင် နိုင်ကြောင်း သိရသည်။အဆိုပါ ဂြိုဟ်ကို ၁၉၈၃ ခု နှစ်တွင် အမေရိကန်အာကာသ သိပံ္ပ(နာဆာ)ကနီဘရူး(Nibiru) ဟူသော အမည်ကို စတင်ပေးခဲ့ ကြောင်း သိရသည်။
ကမ္ဘာပျက်သည့် နှစ်ကာလ များကို နက္ခတ်ဗေဒနှင့်တွက်သည့် စနစ်ရှိပြီး၊
စနစ်ဥပဒေပါဝင်သော နက္ခတ်ကျမ်းအမည်မှာ သူရိယသိဒ္ခန္တကျမ်းဖြစ်ကြောင်း
သိရသည်။
၎င်းကျမ်းအရ ကမ္ဘာပျက်မှု တွက်ချက်သည့်စနစ်တွင် ကပ်တစ်ကပ်ပြည့်လျှင်
ကမ္ဘာပျက်တတ်ကာ ကပ်တစ်ကပ်တွင် နက္ခတ်အခေါ် စတုယုဂ်ပေါင်းတစ်ထောင်ပါဝင် ပြီး၊
စတုယုဂ်တစ်ခု၏ သက်တမ်း မှာ နှစ်ပေါင်း ၄၃ သိန်း ၂ သောင်း ပါဝင်၍စတုယုဂ်သက်တမ်းတစ်ခု လျှင် ယုဂ်လေးပါးဖြင့် ထပ်မံခွဲ ထွက်ကြောင်းအောက်ပါအတိုင်း သိရသည်။
(၁) ကတယုဂ်(Golden Age)-နှစ်ပေါင်း -၁၇၂၈၀၀၀၊ (၂) တြေတယုဂ်(Silver
Age)-နှစ် ပေါင်း-၁၂၉၆၀၀၀၊ (၃) ဒွါပရယုဂ် (Brazen
Age)-နှစ်ပေါင်း-၈၆၄၀၀၀၊ (၄) ကလိယုဂ် (Iron Age)-နှစ်ပေါင်း-၄၃၂၀၀၀
ဘဒ္ဒကမ္ဘာဟုခေါ်တွင်သော လက်ရှိကမ္ဘာမြေသည် ကလိယုဂ် တွင်ရောက်ရှိနေပြီး
ကလိယုဂ် သည် ခရစ်တော်မပေါ်မီ ဘီစီ ၃၁၀၁ နှစ်တွင် စတင်ခဲ့ကာ ယခု
ခရစ်တော်ပေါ်ပြီး အေဒီ ၂၀၁၀ ကို ရောက်ရှိနေပြီဖြစ်သောကြောင့် နှစ်ပေါင်း
၅၁၁၁ ခုနှစ်ကို ကျော် ဖြတ်ခဲ့ပြီးဖြစ်၍ လက်ကျန်နှစ် ပေါင်း ၄၂၆၈၈၉ နှစ်ကျန်ရှိနေ သေးကြောင်း နက္ခတ်ပညာရှင်များ ကအဆိုအရ သိရသည်။
““ကမ္ဘာအနေနဲ့ ကလိယုဂ် ကုန်ရင်  ကတယုဂ်ကပြန်စတယ်။ ပြန်စတဲ့အချိန်မှာ
ဘုရားပွင့်တာ မျိုး၊ လူ့သမိုင်းကြောင်း ပြန်စတာ မျိုးတွေဖြစ်ကောင်း
ဖြစ်နိုင်တယ်။ ကမ္ဘာပျက်ဖို့ နှစ်ပေါင်း ၄ သိန်း ကျော်ကျန်သေးတယ်။ ဘုရား
ဟောအရလည်း လက်ရှိကာလမှာ ကမ္ဘာမပျက်နိုင်သေးပါဘူး။ နီဘရူး ဂြိုဟ်က ကမ္ဘာကို
ဝင်မတိုက်နိုင်တဲ့ အပြင် ပြင်းထန်တဲ့ဘေးအန္တရာယ် ပေါ်နိုင်ဖို့အလွန်နည်းပါးပါတယ်””
ဟု ဦးဇေယျာကိုက ပြောသည်။
နက္ခတ်ပညာရှင်များအနေ ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၏
တိုင်းပြည်တည်ထောင် သည့် ဇာတာ၊ လွတ်လပ်ရေးရယူ သည့် ဇာတာတို့ဖြင့်ဆန်းစစ်တွက်ချက်ခြင်းဖြစ်ပြီး၊ လာမည့် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဟုဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်းနှင့် ချွင်း ချက်အနေဖြင့် ၂၀၁၂ တွင်
အင်အားကြီးနိုင်ငံတချို့၏ စစ်မက်ရေး ရာပြဿနာများသာ ပေါ်ပေါက်
လာနိုင်ကြောင်း သိရသည်။
 

Tags:

 
Follow

Get every new post delivered to your Inbox.