ဟာသများ

ကြားရ သိရ လွှတ်တော်မှ


မင်းနေပြည်တော်၊ အမျိုးသားလွှတ်တော်၊ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့။ ရက်စွဲမှာကား သြဂုတ်လ ၃၀ ရက်ဖြစ်လေသတည်း။

““ဒုန်း….. ဒုန်း…… ဒုန်း””

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က တူကလေးကို ခပ်ဆတ်ဆတ်ထုလိုက်သည်။ လွှတ်တော်စချေပြီ။

ဥက္ကဌကြီးက လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကို မျက်မှန်အောက်မှပင့်၍ တစ်ချက်ရှိုးလိုက်သည်။ တွေ့ပြီ။ စည်းကမ်းမလိုက်နာသည့် အမတ်တစ်ဦး။ ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ်။

““ဦးစိုင်းပေါင်းနပ်… ခင်ဗျား ဟိုနေ့ကလည်း ခေါင်းပေါင်းမဆောင်းလာဘူး။ ဒီနေ့လည်း ခေါင်းပေါင်းမဆောင်းလာဘူး။ ကျနော်မြင်ပါတယ်။ မမြင်ဘူးမထင်နဲ့””

ဦးစိုင်းပေါင်းနပ်က ခပ်ရို့ရို့ပင် ကျွပ်ကျွပ်အိတ်လေးထဲမှ ခေါင်းပေါင်းကို အသာထုတ်ဆောင်းလိုက်သည်။
ထို့နောက်…. မေးခွန်းများမေးမြန်းခြင်း၊ ဥပဒေကြမ်းများဆွေးနွေးခြင်းတို့ကို ဆက်လုပ်ကြသည်။

မီဒီယာဥပဒေကြမ်းကိစ္စကို ရောက်လာသည်။ အပိုဒ်တစ်ခုကို ဆွေးနွေးအတည်ပြုရာ ကန့်ကွက်မည့်သူရှိပါသလားဟု ဥက္ကဌကြီးမှ မေးသံအဆုံးတွင် ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်တစ်ဦး ခပ်တည်တည်ထရပ်သည်။

““ဥက္ကဌကြီးခဗျာ…. ဒီစာပိုဒ်ထဲမှာ သူအများဆိုတဲ့ စကားလုံးက မပြည့်စုံပါဘူး။ ဒါကြောင့် ပြည်သူအများလို့ ပြန်လည်ပြင်ဆင်သင့်ပါတယ်””

ဥက္ကဌကြီးမှ ပက်ခနဲပြန်ပြောသည်။

““ကျနော်ဖတ်သွားတဲ့အထဲမှာ ပြည်သူဆိုပြီး ဖတ်သွားတယ်။ ခင်ဗျား အိပ်ငိုက်နေလို့မသိလိုက်ဘူးထင်တယ်””

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဇက်ကလေးပုပြီး ပြန်ထိုင်သွားသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ထဆွေးနွေးသည်။
ဆွေးနွေးသည့်အထဲမှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးလှဆွေကို မသိမသာ ခွပ်ထည့်လိုက်၏။

““ဥက္ကဌကြီးခဗျာ…. ဦးလှဆွေဟာ… ပြန်ကြားရေးရဲ့လူဖြစ်ပါတယ်… ဒါကြောင့်…. ””

ဦးဖုန်းမြင့်အောင်ဆွေးနွေးပြီးစဉ် စောနက အခွပ်ခံလိုက်ရသည့် ဦးလှဆွေ ၀ုန်းခနဲထလာသည်။

““ဥက္ကဌကြီးခဗျာ… ကျနော်ဟာ ပြန်ကြားရေးလူမဟုတ်ပါဘူး။ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးသာဖြစ်ပါတယ်။ ဒါကြောင့်
ပြန်ကြားရေးလူဆိုတဲ့ အသုံးအနှုန်းကို ပြန်လည်ရုပ်သိမ်းပေးပါခဗျာ””

ဥက္ကဌကြီး ရယ်ချင်ပက်လက်ကလေးဖြစ်သွားသည်။ ““ဟဲ ဟဲ”” ဟုရယ်ပြီး တူကလေးကို ဒုန်းခနဲ တစ်ချက်ထုသည်။
ထို့နောက်….

““ဦးလှဆွေကို ပြန်ကြားရေးလူလို့ သမုတ်ခံရခြင်းအပေါ် လွှတ်တော်က ပြန်လည်ရုပ်သိမ်းပါကြောင်း””

ဦးလှဆွေ ကျေနပ်သွားသည်။

ထို့နောက် မီဒီယာဥပဒေကြမ်းမှ အပိုဒ်တစ်ခုကို အတည်ပြုမဲခွဲရန် အချိန်ကျလာသည်။ ဥက္ကဌကြီးက သုံးကြိမ်အော်မေးသည်။

““သဘောတူပါသလား…. သဘောတူပါသလား…. သဘောတူပါသလား””

အဆင်ပြေသွားပြီ။ ထုံးစံအတိုင်း ထပ်မေးရသည်။

““ကန့်ကွက်မယ့်သူရှိပါသလား””

““ကျွီ…””
““အဟမ်း””

ဘယ်သူကထိုင်ခုံရွှေ့ပြီး ဘယ်သူက ချောင်းဟန့်သည်မသိ။ အသံနှစ်ခုထွက်လာတာမို့ ဥက္ကဌကြီး၏ ဦးခေါင်းက ရှေ့သို့ တစ်တောင်ခန့်ရှည်ထွက်လာသည်။

““ဟမ်… ဟမ်.. ဘာပြောလိုက်တာလဲ… ဟမ်””

ဘယ်သူမှမဖြေ။ ဥက္ကဌကြီး တင်းသွားသည်။ စည်းကမ်းချက်တစ်ရပ် ချက်ချင်းထုတ်သည်။

““နောင်ဆို ဥပဒေကြမ်းတွေ အတည်ပြုနေတဲ့အချိန်မှာ ထိုင်ခုံရွှေ့ခြင်း၊ ချောင်းဟန့်ခြင်းလုံးဝမပြုလုပ်ရန် သတိပေးလိုက်သည်””

ထိုနေ့မှစပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ချောင်းဆိုးရဲတော့မည်မဟုတ်ချေ။

|- ဥက္ကာကိုကို -|

Categories: သရော်စာ, ဟာသများ | Leave a comment

ကျနော်နှင့် လူငယ်အလွဲ


ကျနော်ဆယ်တန်းအောင်ခါစတုန်းက သံတွဲမြို့မှာ ဆယ်တန်းလာတက်နေတဲ့ ကျနော်တို့အခေါ် ပုရစ်ဆိုတဲ့ကောင်နဲ့ တွဲမိတယ်။ အခုတော့သူလည်း ရန်ကုန်မှာ စူးရှဆိုတာဘာဆိုလား နာမည်တစ်ခုနဲ့ သတင်းထောက်လုပ်စားနေရဲ့။

သံတွဲမှာ အတွဲမိမိ သောင်းကျန်းရင်း တစ်နေ့ကျတော့ ငပလီမှာ ရေသွားကူးရာကနေ ကမ်းခြေမှာ ယောင်လည်လည်ဖြစ်နေတဲ့ နိုင်ငံခြားသားကြီးတစ်ယောက်နဲ့ ဘော်ဒါသွားဖြစ်ပြန်ရော။ သူကလည်း ဂျာမဏီနိုင်ငံသားထင်ရဲ့။ (သိပ်တော့မမှတ်မိ)။ အင်္ဂလိပ်စကားကို ဘွတ်ရွှတ် ဘုချွတ်။ ကျနော်တို့ကလည်း အင်္ဂလိပ်စာကို ဖိုသီဖတ်သီ။ တစ်လုံးပြောလိုက်။ လက်ကလေးခြေကလေးလှုပ်ပြလိုက်နဲ့ တော်တော်ရင်းနှီးသွားကြတယ်။

နောက်နေ့ထပ်ချိန်းပြီး သံတွဲမြို့ပေါ်ကိုလိုက်ပြဖို့ သူကတောင်းဆိုတယ်။

ကျနော်တို့နှစ်ကောင်လည်း နိုင်ငံခြားသားတစ်ယောက်နဲ့ တွဲနေကြတယ်ပေါ့လေ။ မြောက်ကြွ မြောက်ကြွနဲ့ လူရှေ့သူရှေ့မှာ ဂျာမန်ကြီးကိုခေါ်ပြီး ဟိုလျှောက်ဒီလျှောက်ပေါ့။ ကျနော်တို့မြို့မှာက လည်ပတ်စရာဆိုလို့ ဘုရားတောင်သုံးတောင်ပဲရှိတယ်။

အံတော်၊ နံတော်၊ ဆံတော်ဆိုပြီး စေတီသုံးဆူရှိတယ်။ စက်ဘီးတစ်ယောက်တစ်စီးနဲ့ ဂျာမန်ကြီးကို ဟိုလိုက်ပြ ဒီလိုက်ပြ။ သူ့မှာပါလာတဲ့ ဒစ်ဂျစ်တယ်ကင်မရာလေးကို သဘောတကျကျနဲ့။ (အဲ့ဒီတုန်းက ဒစ်ဂျစ်တယ်ကင်မရာကို ပထမဆုံးမြင်ဖူးတာ)။

နောက်ဆုံးဘုရားတောင်လည်းရောက်ရော ကျနော်က မတက်နိုင်တော့ဘူး။ မောနေပြီ။ ဂျာမန်ကြီးနဲ့ ပုရစ်က ကျနော့်ကိုစောင့်ခေါ်တယ်။ ကျနော်ကလည်း မောမောနဲ့ ဘာပြောရမှန်းမသိဘူး။ ဒီတောင်ကအရမ်းမြင့်တယ်။ ငါမတက်နိုင်ဘူးပေါ့လေ။ ပြောချင်တာ။

လူကလျှာလည်းထွက်နေပြီ။ ရှေ့ကတောင်ကုန်းကို လက်ညိုးထိုးပြလိုက်တယ်။ ဂျာမန်ကြီးက ကျနော်လက်ညိုးထိုးရာလိုက်ကြည့်တယ်။ ကျနော်လည်း ပါးစပ်ထဲတွေ့တာကောက်ပြောချလိုက်တယ်။

““ဗဲရီး… မတ်စောက်””

““ငှင်… ”” (ကျနော့်အင်္ဂလိပ်စာကို ပုရစ်လက်ဖျားခါသွားသံ)

““မတ်စောက်”” (ဂျာမန်ကြီး ရေရွတ်သံ)

ကျနော်ကလည်း လျှာလေးတန်းလန်း တန်းလန်းနဲ့ ခပ်တည်တည်ဘဲ။

““ရက်စ်… ဗဲရီးမတ်စောက်””
““အိုး… မတ်စောက်””
““ရက်စ်… မတ်စောက်…ဗဲရီး မတ်စောက်””
““အိုးမိုင်ဂေါက်… ””

ပုရစ်က ဖိုးလိုးဖတ်လပ်ကလေး တခွိခွိရယ်တယ်။ သူရယ်တာမြင်တော့ ဂျာမန်ကြီးလည်း ဘုမသိဘမသိ တဂိဂိနဲ့ရယ်တယ်။ ကျနော်ကလည်း ခပ်တည်တည် တဟစ်ဟစ်နဲ့ လိုက်ရယ်ပေးရတယ်။

အဲ့ဒီနေ့လည်က ဘုရားတောင်ပေါ်က ပြန်ဆင်းလာကတည်းက ငပလီကို စက်ဘီးနဲ့ ပြန်သွားတဲ့အထိ ဂျာမန်ကြီးတစ်ယောက် သူ့ဘာသာ ဘာတွေအတွေးပေါက်တယ်မသိ။
တတွတ်တွတ်ရေရွတ်သွားလေရဲ့။

““ မတ်စောက်… မတ်စောက်… ဗဲရီးမတ်စောက်… မတ်… စောက်”” နဲ့။ ငိငိ။

- ဥက္ကာကိုကို -

Categories: သရော်စာ, ဟာသများ | Leave a comment

ကျနော်နှင့် သတင်းထောက်အလွဲ


သရက်ထောင်ဘူးဝမှာ ကိုမင်းကိုနိုင်တို့ လွတ်တဲ့နံနက်ခင်း။ ကင်မရာတွေတဖျပ်ဖျပ်။
သတင်းထောက်တွေ ရီကော်ဒါတကိုင်ကိုင်။ မိသားစုဝင်တွေ၊ လာကြိုသူတွေ လည်ပင်းတရှည်ရှည်။
ထိုင်လိုက် ထလိုက်။

မကြာမီ လွတ်မြောက်သူများ ထွက်လာသည်။ အပြင်ရှိလူများနှင့် လွတ်လာသူများ ရောထွေးသွား။
သတင်းထောက်များ ခြေရှုပ်ကြ။ ၀မ်းသာအားရဆူညံအော်ဟစ်ကြ။ ကင်မရာတွေ တဖျပ်ဖျပ်။

လွတ်လာသူများကို အလုအယက်မေးမြန်း။ မောင်ဥက္ကာလည်း ရီကော်ဒါလေးကိုင်ပြီး လွတ်လာသူ
တွေကို အင်တာဗျူးရန်ပြင်။ အထုပ်လေးတစ်ထုပ်ဆွဲကာ ဘူးဝအနီးထိုင်နေသူတစ်ဦးနား ကပ်သွား။
ကြည့်ရတာ သနားစရာ။ ဘယ်သူမှလာမကြိုဘူးထင်ပ။ အားငယ်နေမှာဘဲ။

““အကို ဘယ်ရွာကလဲ…””
““ဒီမြို့ကပါပဲ””

““အခုလို အကျဉ်းသားတွေလွှတ်ပေးတဲ့အပေါ် ဘယ်လိုခံစားရလဲ””
““၀မ်းသာပါတယ်””

““ဘာအမှုလဲ””
““လိမ်လည်မှုလို့ ပြောတာပဲ””

““ငှင်… ပြောတာပဲလား…””
““ကျနော် အဲဒါပဲသိတယ်””

““အွန်.. ဘယ်နှစ်နှစ်နေခဲ့ရလဲ””
““ဟင်.. ကျနော်လား””

““ဟုတ်…. အကို ဒီသရက်ထောင်ထဲမှာ ဘယ်နှစ်နှစ်နေခဲ့ရလဲ””

““အာဂျာ… ကျနော် တစ်ခါမှထောင်မကျဖူးပါဘူးဂျာ… မိကောင်းဖခင်သားသမီးပါ။
မိဘကို လုပ်ကျွေးနေတာပါဂျာ… ကျိန်ဆိုကျိန်ရဲပါတယ်ဂျာ… လိမ်လည်မှုနဲ့ ကျသွားတဲ့
သူငယ်ချင်းပြန်လွတ်မယ်ဆိုလို့ လာစောင့်နေတာပါဂျာ….. ဟင့်””

သေပြီချရာ။ မောင်ဥက္ကာလွဲပြန်ဘီ။ သွားကလေး ဖြဲပြလိုက်ပြီး –

““မတိလို့နော် အကိုကြီး… ဆောရီးနော်… သွားလိုက်ဦးမယ်နော်… နောက်မှတွေ့မယ်နော်…
အာဘွား… မွှမွှ””

လစ်ဘီ………….. ၀ှစ်ခ်…….။

- ဥက္ကာကိုကို -

Categories: သရော်စာ, ဟာသများ, ရောက်တတ်ရာရာ | Leave a comment

မောင်ဥက္ကာနှင့် အပြောအဆို


၁။
ညသန်းခေါင်ကျော်လွန်ပြီး တစ်နာရီခွဲခန့်။
လမ်းမကြီးပေါ် ကားတွေရှင်းနေသည်။
အမှောင်ရိပ်ထဲမှာ မောင်အုတ် ခပ်တည်တည်ရပ်နေ၏။
ဟိုးဝေးဝေးမှာ တက္ကစီတစ်စီးမောင်းလာတာ မြင်ရသည်။
အနားမရောက်ခင်ကပင် လက်ပြနေလိုက်၏။
မောင်အုတ်ရှေ့မှာ တက္ကစီထိုးရပ်သည်။

“ဘယ်သွားမလို့လဲ ဆရာ´´
“ဘယ်မှမသွားဘူးရော်´´
“ငှင်… ဒါဆို ဘာလို့တားတုန်း´´
“မီးခြစ်ပါလားငှင်´´
“ဘာ…. *(&*^%*#@%#$!@#$….}´´

“၀ူးးးးးးးးးးးးး´´
လီဗာဆောင့်နင်းပြီး လက်ခလယ်တစ်ချောင်း ကပိုကရိုထောင်ပြသွားသည်။

၂။

ပြည်လမ်းအတိုင်း မောင်အုတ်လမ်းလျှောက်လာသည်။
ခရေပင်ရိပ်တချို့မှာ နှုတ်ခမ်းနီမလေးတွေကို တွေ့ရသည်။
မောင်အုတ်ကို ကြည့်ပြီး မခို့တရို့လေးလုပ်ပြကြသည်။
မောင်အုတ်လည်း ခို့ခို့ရို့ရို့လေး ဖြစ်သွားရ၏။
စိတ်က မရိုးမရွဖြစ်လာသည်။ မနေနိုင်တော့။
ရှေ့နားက အပင်ရိပ်မှာ ကောင်မလေးတစ်ယောက် မှောင်ရိပ်ခိုနေသည်။
မောင်အုတ် အသာတိုးကပ်သွား၏။
“ဟိတ်..´´
ကောင်မလေးက မူရာမာယာကလေးဖြင့် တစ်ဖက်လှည့်သွားသည်။
မောင်အုတ် အနားကို ထပ်တိုးသည်။

“ဟိုလေ… ဆန္ဒ.. ဆန္ဒရှိလားငှင်´´
ကောင်မလေး မထီတရီပြုံးပြီး မောင်အုတ်ဖက်လှည့်လာသည်။

“အင်း… ရှိတယ် ခစ်ခစ်….´´
“ဒါ… ဒါဆို … သိက္ခာနဲ့ ထိန်းလိုက်ပါညော်… လစ်ဘီ… ၀ှစ်´´
“ငှင်… သေနာကျ… ဖေတစ်ရာမောင်တစ်ကျိပ်ကောင်… ဂီးးး´´

၃။

မောင်အုတ် သူငယ်ချင်းအိမ်ကို သွားလည်သည်။
အိမ်ရှေ့မှာ သူငယ်ချင်းအစ်မက ပန်းပင်ရေလောင်းနေ၏။
မောင်အုတ်ကို မြင်တော့ပြုံးပြသည်။ မောင်အုတ် မေးစမ်းကြည့်ရ၏။

“အစ်မ…´´
“ချင့်..´´
“ဟိုလေ… ´´
မောင်အုတ် လက်နှစ်ဖက်ကို ဟိုလွှဲဒီလွှဲလုပ်နေတာကြည့်ပြီး သူငယ်ချင်းအစ်မက မျက်မှောင်ကြုတ်ကြည့်သည်။
“ဘာဒုန်း´´
“ဟိုလေ… ဟိုနင်း… အာသာ.. အာသာရှိလားငှင်´´
“ဘာ….´´
“၀ှစ်´´
“ဒေါက်´´
“အမငီးဗျန့်´´
စီးထားသော ဖိနပ်နှင့် မောင်အုတ်နဖူးဆီတည့်တည့်ပစ်ပေါက်လိုက်သံဖြစ်သည်။
“အီး.. ဟီးဟီး… အစ်မရဲ့မောင်… အနော့်သယ်ရင်း.. အာသာအောင်ကြည် ရှိလားလို့ မေးဒါကို… ငွားးးး´´
“ညင်… မောင်လေး အာသာအောင်ကြည်လား…. တိပါပု… မေ့လို့… မေ့လို့… မွှားလို့ညော်… နာတွားလားငှင်´´
“နာဒယ်… နာဒယ်…. ထော်ဝူး… ငွားးးး´´

၎။

နောက်ပိုင်းကျရင် စကားပြောဆင်ခြင်ရန် မောင်အုတ်ဆုံးဖြတ်လိုက်သည်။

- ဥက္ကာကိုကို -
22-9-2013

Categories: သရော်စာ, ဟာသများ, အက်ဆေး | Leave a comment

မီဒီယာနှင့် ဖင်ကိစ္စ


တစ်ရံရောအခါက လျှင်သူစားစတမ်း ကတုံးပေါ်ထိပ်ကွက်သူများ နေထိုင်သမှုပြုရာ  မြန်မာဟူသော နိုင်ငံတော်ကြီးတစ်ခု ရှိလေ၏။

ထိုနိုင်ငံတွင် အော်ကြီးဟစ်ကျယ်လုပ်မှု၊ လက်သီးလက်မောင်းတန်းမှု၊ မယုံဘူး..မယုံဘူးဟု ကျယ်ကျယ်လောင်လောင်ပြောဆိုမှု၊ လမ်းမပေါ်တွင် မူးယစ်လမ်းလျှောက်မှုတို့ဖြင့် ထောင်သွင်းအကျဉ်းချခံထားရသူများရှိလေ၏။

အတင်းပလင်းအဖျင်းမျိုးစုံကို စပ်စုတတ်ပြီး ကြားလာသောအတင်းအဖျင်းများကို စာရွက်ပေါ်တွင် ပုံနှိပ်ဖြန့်ဝေလေ့ရှိကြသော အဆင်းဘီးတပ်သူ အတင်းထောက်များလည်း ရှိလေ၏။

တစ်နေ့သောအခါ ထိုနိုင်ငံတွင် ထိပ်ပြောင်၍ သမ္မတဖြစ်လာသော ဂီးဆောင်ဂျောင်း အူးတိန်းရှိန်ဆိုသူသည် မလိမ္မာသဖြင့် ဖမ်းဆီးအကျဉ်းချထားသော သကောင့်သားလေးများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လေသည်။

အတင်းထောက်များသည် သူ့ထက်ငါ အတင်းဦးရစေရန်အလို့ငှာ ထောင်ရှေ့ဝသို့ သွားရောက်စုဝေးကြကုန်၏။ ထောင်ထဲမှ ခါးပိုက်နှိုက်ဆရာသခင်ကြီးများလည်း လွတ်မြောက်လာမည်ဖြစ်ရာ ချစ်လှစွာသော တပည့်ကျော်ခါးပိုက်နှိုက်ကလေးများကလည်း ဆရာသခင်များကို ပြုစုရန်အတွက် ထောင်ဝရှိ လူအုပ်ကြီးထဲဝင်ကာ လက်သွက်ခြေသွက် အစွမ်းပြ ရန်ပုံငွေစုဆောင်းကြလေကုန်၏။

ထောင်တွင်းမှ မလိမ္မာအခါခါမိုက်သူများ ထွက်လာကြသောအခါ ပြင်ပရှိလူအုပ်ကြီးနှင့် ရောထွေးရစ်ပတ် ရှုပ်ယှက်ခတ်လေတော့ရာ …..

ထိုအချိန်တွင် ပုရွက်ဆိတ်မည်းများသဖွယ် တိုးဝှေ့စုပြုံနေကြသောနေရာ၌ အတင်းထောက်တစ်ဦးဖြစ်သည့် ခင်ပပ၀တီလှိုင်သိန်းတစ်ယောက် တွန့်ခနဲ တွန့်ခနဲဖြစ်နေသည်ကို တွေ့ရလေသည်။

ကနဦးတွင်….. ခံစားရသော ဝေဒနာကို ခင်ပပ၀တီလှိုင်သိန်းခမျာ ကြိတ်မှိတ်ခံပါသော်လည်း မအောင့်နိုင်သည့်အဆုံး နောက်ဖက်သို့ ချာခနဲလှည့်ပြီး -

““ဘယ်ကောင်လဲ.. ဘယ်ကောင်လဲ…. ငါ့ဖင်ကိုနှိုက်တာ… ငါ့ဖင်ကို ပယ်ပယ်နယ်နယ် ဟော့သလို ဟော့သလို နောက်ကနေ နှိုက်နေတာ ဘယ်ကောင်လဲ”” – ဟူ၍ အော်ဟစ်လေတော့၏။

အနီးအနားရှိ အတင်းထောက်လေးများလည်း အူလည်လည်ဖြင့် သူ့ကြည့်ကိုယ့်ကြည့်ဖြစ်ကုန်ကြလေသည်။ ပြီးသော် ကိုယ့်လက်ကိုယ် ပြန်ကြည့်ကြလေ၏။ ထို့နောက် လက်ဖျားလေးများကို နမ်းရှုပ်ကြည့်ကြလေ၏။

ပြီးသော် တညီတညာတည်း ခေါင်းခါပြကြလေကုန်၏။

ထို့ကြောင့် ခင်ပပ၀တီလှိုင်သိန်း ဒေါသထွက်လေသည်။ ဘယ်သူမှန်းလည်းမသိ၊ အကောင်အထည်မပေါ်သောကြောင့် ရှူးရှူးရှဲရှဲဖြင့် လှည့်ပြန်ခဲ့ရလေတော့သည်။

အတင်းထောက်များက ခွေးနှစ်ကောင်ဖင်ပူးတာကိုတောင် အလွတ်ပေးသူများမဟုတ်တော့ ခင်ပပ၀တီလှိုင်သိန်း ထောင်ရှေ့မှာ ဖင်နှိုက်ခံရသည့်ကိစ္စက မပြီးပြတ်သွားခဲ့ပေ။ တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုးဖြင့် အင်တာနက်စာမျက်နှာများပေါ်သို့ပင် ရောက်ရှိသွားလေသည်။

အတင်းထောက်လောကတွင်မူ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေလေ၏။ အတင်းထောက်အသစ်မလေးများက ထောင်ရှေ့မှဖြစ်ရပ်ကို နားနှင့်ဆတ်ဆတ်ကြားရုံမျှဖြင့် တွန့်လိမ်ကုန်ကြလေသည်။

အတင်းထောက်ယောက်ျားလေးများကလည်း ခင်ပပ၀တီလှိုင်သိန်းအမှုတွင် မည်သူမည်ဝါဖြစ်နိုင်မည်ဆိုသည်ကို စုံစမ်းကြလေသည်။

လက်ရဲဇက်ရဲရှိသူများ၊ ရဲစခန်းထောက်ခံစာမရသူများစသဖြင့် ယခင်လက်စလက်နရှိဖူးသူများကို စောင့်ကြည့်ကြလေသည်။

ထို့ကြောင့် အတင်းထောက်လောကကြီးသည် အချင်းချင်းပြန်လည်စောင့်ကြည့်ကြရင်းဖြင့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀  ဖြစ်နေလေတော့သည်။ အမှုကမပေါ်။ တချို့တလေကတော့.. ““သတင်းနှိုက်လို့မရလို့ ဖင်နှိုက်ခဲ့တာဖြစ်မယ်”” ဟူ၍လည်းကောင်း၊ ““သတင်းနှိုက်တာ အရှိန်လွန်ပြီး ဖင်ပါနှိုက်မိသွားတာဖြစ်မယ်”” ဟု၍လည်းကောင်း သုံးသပ်ကြလေသည်။

အတင်းထောက်လောကတွင် ထိုအမှုကိုစဉ်းစားဆင်ခြင်ရင်း ဝေဖန်ချက်များလည်း တပုံတပင်ပေါ်ထွက်လာလေသည်။

အတင်းထောက်တစ်ဦးက ““ ဖင်နှိုက်တယ်ဆိုတာ… ဖင်ရှိနေလို့ပဲ”” ဟု စတင် ကြေငြာလိုက်သောအခါ…““မိန်းကလေးများတွင် ဖင်မရှိသင့်”” ဟူသည့် မဟာတွေးခေါ်ချက်များ အလျှိုလျှိုပေါ်လာပြန်၏။ ဖင်မရှိလျှင် ဖင်နေရာတွင် ဘာထပ်ထည့်ကြမည်နည်းဟူသည့် တန်ပြန်မေးခွန်းများ ထွက်လာသောအခါ တချို့အတင်းထောက်ပညာရှိများက ဖင်နေရာတွင် ရင်သားကို ပြောင်းလဲတပ်ဆင်ကြည့်သင့်ပါသည်ဟု မီးလောင်ရာလေပင့်ကြကုန်၏။

မိန်းကလေးများတွင် ရင်ရော ဖင်ပါမရှိလျှင် ယောက်ျားလေးများနှင့် တစ်သားတည်းဖြစ်သွားလိမ့်မည်ဖြစ်ပြီး မိန်းမသားတို့ကြွေးကြော်လေ့ရှိသော ယောက်ျားများနှင့်ရင်ဘောင်တန်းမည်ဟူသည့် အဆိုသည်လည်း အောင်မြင်သွားလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းကြကုန်၏။

အတင်းသင်တန်းများပို့ချလျှက်ရှိသော သင်တန်းကျောင်းကြီးများကလည်း ဖင်စပါယ်ရှယ်လစ်သင်တန်းများကိုပါ ထည့်သွင်းဖွင့်လှစ်ရန် စဉ်းစားလာကြလေ၏။ နိုင်ငံတော်အစိုးရကလည်း ဥပမာ- မောင်ခိုင်(ဖင်ဗေဒ) စသဖြင့်… မောင်နိုင်(PHD-Phin) စသဖြင့်  ဖင်မေဂျာဖြင့်ဘွဲ့ရများ၊ ဖင်လော်ဆော်ဖာပညာရှင်များ မွေးထုတ်သင့်ကြောင်း လွှတ်တော်တွင်အဆိုပြုရန် ဂျာနယ်များမှတဆင့် ခပ်တည်တည်တိုက်တွန်းကြသော် လွှတ်တော်အမတ်များလည်း ဖင်ကျိန်းရလေ၏။

အတင်းထောက်မိန်းမသားများကလည်း အဆိုပြုချက်များကို အတိအလင်းကန့်ကွက်ကြကာ ဖင်ကာကွယ်ရေးကော်မတီတစ်ရပ်ကို စုဝေးဖွဲ့စည်း၍ ခံစစ်ပြင်လိုက်ကြလေ၏။ ထိုအတင်းထောက်မိန်းမသားများ ဖင်ကာကွယ်ရေးကော်မတီကို အတင်းထောက်လောကအတွင်းရှိ ဖင်ကြီးသူများက ဦးဆောင်ကြလေ၏။ ဖင်မဟာဗျုဟာများကိုချမှတ်ကုန်လေ၏ ဖင်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာဖင်များနေ့ကို သတ်မှတ်ကြကုန်လေ၏။

ဖင်ရှောင်နည်းသင်တန်းများကိုလည်း ပြည်တွင်းပြည်ပ ပညာရှင်များဖိတ်ခေါ်၍ ဖွင့်လှစ်လာကြလေ၏။ ထိုဖင်ရှောင်နည်းသင်တန်းများတွင် ဖင်ဝှေ့ရန်ရှောင်၊ ဖင်မယဉ်သာ စသော ခေါင်းစဉ်များ၊ အာရုံခံမိတာနှင့် ၀ှစ်ခနဲရှောင်တိမ်းနည်းအသွယ်သွယ်များ၊ လက်ညိုး၏ဦးတည်ရာနေရာကို ဆတ်ခနဲကျုံ့လိုက်နည်းများ စသည်ဖြင့် သင်ကြားပို့ချပေးသည်ကို တွေ့ရလေ၏။

 

““ဖင်ပြောင်ကြီး အမြီးနားကျမှတစ်နေမယ်”” ဟူသော စကားပုံတစ်ရပ်လည်း ပေါ်ထွန်းလာလေ၏။

အစည်းအဝေးများတွင်လည်း “တင်ပြသည်” ဟူသော စကားလုံးအစား “ဖင်ပြသည်” ဟူသောစကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြလေတော့၏။

နည်းပညာကမ်ပနီများကလည်း မိန်းကလေးများဖင်မှာတပ်ဆင်ရန် အလို့ငှာဆို၍ အသားကပ်စီစီတီဗီကလေးများကို တီထွင်ဖြန့်ချိကြကုန်လေ၏။

အ၀တ်အစားဒီဇိုင်နာများကလည်း “ဖင်ပျောက်ဝတ်စုံ” ဆိုသည်များကို ဖောဖောသီသီတီထွင် ဖြန့်ချိလာကြလေ၏။ အမှန်တကယ်ဝတ်ဆင်ကြည့်သောအခါ ဖင်မပျောက်ဘဲ ဖင်ကောက်လာသည်ကိုသာ မြင်ကြရလေ၏။

“ဖင်ပိန်ရင် ဆိတ်သားရေနဲ့ဖုံး”ဟူသည့် စကားပုံများပေါ်လာသဖြင့် ဖင်ပိန်သောမိန်းကလေးများဖုံးကွယ်ရန် သူ့ဘာသာနေသော ဆိတ်များကို အရေခွံဆုတ်ကြလေ၏။

ထိုသို့… ထိုသို့ဖြင့် ….

ထောင်ဂဏန်းမျှသော အတင်းထောက်တို့သည် အထက်ပါကဲ့သို့ ဖင်ကိစ္စဖြင့် အလုပ်များနေကြသည်ကိုကြည့်ကာ ….

မြန်မာနိုင်ငံတော်ကြီးရှိ လူဦးရေသန်းခြောက်ဆယ်ခမျာ မရိုးမရွဖြင့် “ဖင်တမမ” ဖြစ်နေကြရလေတော့သတည်း။        ။

 

ဥက္ကာကိုကို

Categories: သရော်စာ, ဟာသများ, ပြောချင်တာပြောမယ် | 1 Comment

ဒို့ဘော်ဒါကြီးများ စစ်ထဲဝင်ရင်လေ (၂)


အခန်း(၅)

ကွပ်ကဲရေးရုံးအတွင်းဖြစ်သည်။ လွှတ်တော်အမတ် အဂ္ဂမဟာ ဒီမိုဖက်တီးတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျှက်ရှိသည်။ စဉ်းစားခန်းဝင်နေခြင်းမဟုတ်ဘဲ ၀ိတ်ကျစေရန်အတွက်ဟု ဆိုသည်။ (စကားချပ်။ မယုံလျှင် ပုံပြင်မှတ်) ကွပ်ကဲရေးရုံး အတွင်း ထောင့်တစ်ထောင့်တွင် လွှတ်တော်အမတ် အဂ္ဂမဟာသရေစည်သူ ဦးစည်သူမှာ မျက်လုံးလေးမှေးစင်းကာ လွှတ်တော်အမတ်တစ်ဦးထံမှ လက်သိပ်ထိုးဝယ်ယူထားသော ဆေးခြောက်ပါဝင်သည့် ဆေးပေါ့လိပ်ကို ဖွာရှိုက်ရင်း

စည်းစိမ်ခံစားလျှက်ရှိသည်။ သူတို့နှစ်ဦးမှာ လွှတ်တော်အတွင်း မေးခွန်းတင်သွင်းရာမှ ကျရာတာဝန်ကိုထမ်းဆောင်ပါမည့်အကြောင်း ဆတ်ဆော့၍ ထည့်သွင်းပြောကြားမိရာမှ ယခုကဲ့သို့ ရှေ့တန်းစစ်မျက်နှာသို့ အကြံပေးအနေဖြင့် စေလွှတ်ခံရခြင်းပင် ဖြစ်လေသည်။

““အားလုံး………… သတိ…..””

““ဗိုလ်မှူးကြီး စစ်ကိုနိုင်အား………. လ…. ဗြု”” (အလေးပြုဟူသည့်အသံကို အလေးကိုခပ်မြန်မြန်ဆွဲ၍ ပြု ကို ဆောင့်ချရသောကြောင့် လဗြု ဟု ထွက်လာခြင်းဖြစ်သည်)

အထက်လွှတ်တော် အောက်လွှတ်တော်တို့မှ တညီတညွှတ်တည်း အချွန်ဖြင့်မလိုက်သောကြောင့် အသစ်စက်စက် အရှင်မွေး၍နေ့ချင်းကြီးကာ ကွပ်ကဲရေးမှူးကြီးဖြစ်လာသည့် ဗိုလ်မှူးကြီး စစ်ကိုနိုင် ရုံးအတွင်း ဆောင့်ကြွားကြွားဝင်ရောက်လာသဖြင့် အရာရှိအရာခံများ သတိဆွဲအလေးပြုလိုက်ကြသည်။

ရုံးခန်းထဲရောက်ရောက်ချင်းပင် R.T (Radio Telephony) ဆက်သွယ်ရေးစက်ကိုကောက်ကိုင် ကာ ရှေ့တန်းစစ်မျက်နှာသို့ရောက် ရှိနေသော ဗျုဟာမှူးကြီး အဘမင်းထက်စံရှိရာသို့ ဆက်သွယ်လိုက်သည်။ စစ်ကိုနိုင်နှင့် အဘမင်းထက်စံတို့ အပြန်အလှန်

ပြောစကားများကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Continue reading

Categories: သရော်စာ, ဟာသများ, ရောက်တတ်ရာရာ | Leave a comment

သင်္ကြန်တွင်းမှာဖတ်မိတဲ့ ဟာသများ(၂)


ငွေရတု

လင်မယားနှစ်ယောက်လက်ထပ်တဲ့ 25 နှစ်မြောက်ငွေရတုနေ့မှာ ယောက်ျားလုပ်သူက မိန်းမကို ဒီလိုလေးပြောပြပါတယ်။
““တကယ်ဆိုရင် မင်းနဲ့ငါနဲ့ညားတာ မှားယွင်းတဲ့နားလည်မှုရလဒ်တစ်ခုကြောင့်ပဲကွ””
““ဘာ… ဘယ်လို… ရှင်းစမ်းပါဦး””
““ဒီလိုလေ… အဲဒီနေ့က ငါလေချွန်တာ မင်းကိုခေါ်တာမဟုတ်ဘူး။ တက္ကစီသမားကိုခေါ်တာကွ””

အာဂအဖေ

ကျွန်တော့်ဖေဖေခေါင်းစဉ်ဖြင့် စာစီကုံးရေးခိုင်းရာ ကျောင်းသားလေးတစ်ဦးက ဤသို့ရေးထားသည်။
““ကျွန်တော်၏ဖေဖေသည် အာဂလူစွမ်းကောင်းယောက်ျားပင်ဖြစ်သည်။ သူသည် ပင်လယ်ကို ဖြတ်ကူးနိုင်သည်။
သဲကန္တာရကို ဖြတ်လျှောက်နိုင်သည်။ ကျားကိုရင်ဆိုင်သတ်ရဲသည်။ သူမလုပ်နိုင်တာမရှိပေ။ သို့သော်လည်း
လောလောဆယ်တွင် သူသည် ပန်းကန်ဆေးခြင်း၊ အမှိုက်သွန်ခြင်းကိုသာ မကြာခဏပြုလုပ်နေရပေသည်””

မေးပဲမေးရက်တယ်

တရားရုံးမှာ သက်သေအမျိုးသမီးကို တရားသူကြီးက မေးတယ်။

““ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ””
““ကျွန်မအသက် ၃၀ ပြည့်ပါပြီ””။ အမျိုးသမီးက တိုးတိုးလေးဖြေပါတယ်။
““ကောင်းပြီ။ ဒါနဲ့ ဘယ်နှခုနှစ်က ၃၀ ပြည့်တာလဲ””

နှိုးလိုက်ဦး

““မောင်ရေ… မြန်မြန်ထစမ်းပါ။ အိမ်ထဲသူခိုးဝင်နေတယ်ထင်တယ်။ တရှပ်ရှပ်အသံကြားနေရတယ်””
““ငါက ဘာလုပ်ရမှာတုန်း မိန်းမရ”” ယောက်ျားလုပ်သူက အိပ်ချင်မူးတူးနဲ့ ပြန်ပြောတယ်။
““ရှင်ကလဲ… အနည်းဆုံး ခွေးကို နှိုးလိုက်မှပေါ့””

ရှိတ်စပီးယားကိုရှောင်

““မကောင်းတဲ့ စကားလုံးတွေကို သားသုံးတတ်နေပါလား။ မာရ်နတ်၊ မိစ္ဆာ၊ ပြိတ္တာတဲ့။ မေမေစိတ်မကောင်းဘူးသားရယ်””
““မေမေ.. ဒီစကားလုံးတွေကို သားရှိတ်စပီးယားဆီကရခဲ့တာပါ””
““ဟင်… ဒါဆို သူနဲ့မကစားနဲ့တော့”” Continue reading

Categories: ဟာသများ | Leave a comment

သင်္ကြန်တွင်းမှာဖတ်မိတဲ့ ဟာသလေးတွေ


နတ်မိမယ်

““မေမေ… နတ်မိမယ်ဆိုတာ ဘာလဲဟင်””
““နတ်မိမယ်ဆိုတာ လူနဲ့တူတဲ့ အမျိုးပေါ့။ သူကကောင်းကင်မှာပျံတတ်တယ်ကွယ့်””
““မမှန်ဘူး””
““ဘာလို့လဲ””
““မနေ့က ဘေးခန်းကအန်တီကို ဖေဖေက ဖင်ကိုလက်နဲ့ပုတ်ပြီး မင်းဟာနတ်မိမယ်ပဲလို့ပြောတယ်ဂျ။ သူကပျံမှမပျံတတ်တာ””

သက်သာလာပြီ

““ကိုယ့်ကိုယ်ကိုယ် ၁၄ ယောက်မြောက်ဂျော့ဘုရင်လို့ပြောတဲ့ လူနာ အခြအနေဘယ်လိုလဲဟေ့””
““နည်းနည်းသက်သာလာတယ်ထင်တယ်ဆရာ။ ဒီနေ့ သူ့ကိုယ်သူ ၁၃ ယောက်မြောက်လို့ပဲပြောတော့တယ်””

ရှာနေတုန်းပဲ

ကမ်ပနီတစ်ခုကို လူတစ်ဦးအလုပ်လာလျှောက်တယ်။
““လူကြီးမင်းတို့ ကုမ္ပဏီက ငွေကိုင်စာရေးအသစ်ရှာနေတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ””
မန်နေဂျာက ဒေါသတကြီးပြန်ပြောတယ်။
““ဟုတ်တယ်။ အဟောင်းကိုလည်း ရှာနေတုန်းပဲ””

အကျင့်

““ဟိုငနဲက ဘာဖြစ်လို့ ကပွဲတစ်ခုပြီးတိုင်း သူနဲ့တွဲကတဲ့မိန်းကရဲ့ ဖင်ကို လက်နဲ့ပွတ်ရတာလဲကွ”” Continue reading

Categories: ဟာသများ | Leave a comment

ခင်မင်ခြင်း၏နောက်ကွယ်


Written by- ဥက္ကာကိုကို

မအေးလေး ၊ သဲသဲနဲ့ ရတနာ……ဆိုတဲ့ ကျွန်မတို့ သုံးယောက်ဟာ မဟာတန်းတက်နေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ စစ်တွေတက္ကသိုလ်ကြီးနဲ့ ရေစက်မကုန်ကြသေးတဲ့ အပျိုကြီးလေးတွေလေ ။ ဟင်းဟင်း …။ တကယ်ပါရှင်။ ပထမနှစ်ကနေအခုမဟာတန်း ရောက်တဲ့အထိ ကျွန်မတို့မှာ ရည်းစားမရှိခဲ့ကြပါဘူး။ မျက်မှန်လေးတွေကိုယ်စီနဲ့ စာကြမ်းပိုးမသုံးယောက်ကို ကြိုက်မယ့်သူပဲမရှိတာလား။ အနားမကပ်ရဲဘဲ ရှိန်နေကြတာလားတော့ မသိဘူး ။ တစ်ချိန်မှာ ဆရာမဖြစ်လာမယ့်သူတွေမို့ အိနြေ္ဒကြီးနဲ့ ဟန်လုပ်နေရပေမယ့် ကျွန်မတို့ တတွေ ရည်းစားလိုချင်နေကြတာ တပိုင်းကိုသေနေပါပြီရှင် …..။

အဆောင်က တချို့ညီမလေးတွေများ ညနေစောင်းရင် ဘဲဘဲကိုယ်စီနဲ့ ထွက်ထွက်သွားကြတာတွေကြည့်ပြီး ကျွန်မတို့မှာ…. မဆီမဆိုင် ရင်တွေခုန် ၊ ဖင်တွေကျိန်းလို့…။ ဒီနှစ်မှာတော့ ရည်းစားလေး ဘာလေးရကောင်းပါရဲ့…လို့ ဖြေသိမ့်ရင်း …ငှက်ပျောသီးတွေပဲ ဖိစားနေမိကြတယ်။ ( ဟင်…ဘာမှလည်းမဆိုင်ပါလား )

တစ်နေ့..ပဲဆိုပါတော့။ ကျွန်မတို့သုံးယောက် စိတ်ပြေလက်ပျောက် ` ဗယ်လင်တိုင်း´ကဖေးထဲသွားထိုင်ကြတယ်။ ဆိုင်ထဲ မှာက အတွဲတွေချည်းပဲရှင့်။ ကျွန်မတို့ခမျာ သူတို့ကိုငေးရင်း လျှာရည်ကျ(အဲလေ) ငိုင်နေမိကြတယ်ပေါ့ ။ သြော်…ဖူးစာရှင်ရယ်… ဘယ် မာဆက်များရောက်နေတာလဲကွယ်။

အဲဒီအချိန်မှာ ကံကောင်းခြင်းလက်ဆောင်ဟာ ဆိုင်ဝမှာပေါ်လာပါတယ်။ အို…..ချောလိုက်တဲ့ကောင်လေးရယ်။

“ဟယ်…ဂျွန်စောလေးတော့ ´´

မအေးလေးရဲ့နှုတ်က ထွက်ကျလာသံပါ ။ ကောင်လေးက တစ်ကိုယ်တည်းဖြစ်ပုံရတယ်။ မြင့်မားတဲ့အရပ်အမောင်းနဲ့ ။ စူးရှတဲ့ မျက်ဝန်းအစုံနဲ့။ ပေါ်လွှင်တဲ့နှာခေါင်းလေးနဲ့ ။ အို…..အဲဒီ သူ့နှုတ်ခမ်းလေးကိုရင်ခုန်လိုက်တာ ….။ ဟင်…ကောင်လေးက ကျွန်မတို့ဝိုင်းကို ၀င်လာပါလား။ သြော်…တခြားဝိုင်းတွေက လူပြည့်နေတာကိုး ။ ကောင်လေးကသူ့ကို မျက်လုံးကျွတ်ကျမတတ် ကြည့် နေကြ တဲ့ကျွန်မတို့ ကို ပြောလာပါတယ်။

“မမတို့ အနှာင့်အယှက်မဖြစ်ဘူးဆိုရင် ကျွန်တော်ထိုင်ပါရစေနော်´´

“ အိုး….သိပ်ရတာပေါ့ကွယ် ၊ ထိုင်ထိုင် ..မောင်လေး ၊ ထိုင်ပါကွယ်..ထိုင်ပါ´´

အလုအယက်ပြောလိုက်ကြတဲ့ ကျွန်မတို့ရဲ့ အသံတွေကြောင့် ကောင်လေးက ပြုံးတယ်။

“ကျွန်တော့်နာမည်..ကျော်စွာတုတ်ကြီးပါ´´

“ဟယ်…နာမည်လေးက ရင်ခုန်စရာကောင်းလိုက်တာ´´

“အင်တာနေရှင်နယ် ဆန်လိုက်တာနော်´´

ကောင်လေးက စားပွဲထိုးမလေးကို ဒိုမီနိုတစ်ခွက် လှမ်းမှာလိုက်တယ် ။ ပြီးတော့…………

“မမတို့ကိုကြည့်ရတာ ခင်စရာကောင်းမယ့်ပုံပဲ´´

“…….ကွယ်…….´´

ကျွန်မတို့တတွေ အာခေါင်တွေခြောက်…ရင်အစုံလှိုက်ဖို…ရေငတ်သလိုတွေဖြစ်…..။ ဟင်းနော်….ဖက်နမ်းပစ်ချင်လိုက်တာ နော်……။ မင်းရဲ့ညို့အား ပြင်းလှချည်လားကောင်လေးရယ်…..။

“ကျွန်တော်က အရမ်းခင်တတ်တာဗျ….ကျွန်တော်ခင်သလို…ကျွန်တော့်ကို

တဖန်ပြန်ခင်ကြပါနော် …………´´

“အို….ခင်မှာပါကွယ်…ခင်မှာပါ´´

“သဲသဲတို့က အားရပါးရ ခင်ပစ်လိုက်ဦးမှာ´´

“ခင်ဦးမှာ….ပက်ပက်စက်စက်ကို ခင်ပစ်ဦးမှာ…စိတ်ချ..ဟင်းဟင်း´´

“ကျွန်တော်က ကျွန်တော်ခင်သလို ကျွန်တော့်ကို တဖန်ပြန်ခင်မှ ကြိုက်တာဗျ…

လမ်းတွေ့ရင်လည်းခေါ်နော်….လိုအပ်ရင်လည်းခေါ်ပါ…ဟဲ..ဟဲ…အခုတော့

သွားလိုက်ပါဦးမယ်….အဟီး..´´

ကောင်လေးက အအေးကိုကောက်မော့ပြီး ခပ်သုတ်သုတ်ထထွက်သွားပါတော့တယ်။

အို…..မမတို့ကို မျှော်လင့်ချက်တွေပေးခဲ့တာလား ကောင်လေးရယ်။ ညို့အပြုံးပိုင်ရှင်လေးရယ်….။ မမတို့ရဲ့ ဂျွန်စော မောင်လေးရယ်…။

ကျွန်မတို့တတွေ သူကလေးနောက်ကျောကို အသက်မရှုအားဘဲ အတိုင်သားလိုက်ကြည့်နေကြမိရဲ့။ ခင်တယ်တဲ့လား… ကောင်လေးရယ်။ မင်းခင်သလို မမတို့မင်းအပေါ် တဖန်ပြန်ခင်မှာပါကွယ်..။ တဖန်ပြန်….ခင်….အင်…အင်…။

ဟင်….ဒါ…ဒါ….ကျွန်မတို့ကို တစ်ပတ်ရိုက်စော်ကားသွားတာပဲ ။ ကျွန်မတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် ဒေါသ ထွက်ထွက်နဲ့ ပြိုင်တူကြည့်လိုက်တယ်…။

တောက်…..တောင်ဖက်ငပိကို လက်သီးနဲ့ ထိုးထားတဲ့ရုပ်နဲ့အကောင်။ ဆယ်ပြားစေ့ကို 45 ဒီဂရီစောင်းပြီး ဖြတ်ထားတဲ့ ရုပ်နဲ့အကောင် ။ တူပါလိမ့်မယ် ဂျွန်စောနဲ့ …ဝေးသေး…။ အရပ်ကလန်ကလားနဲ့ ပဲလင်းမြွေသီးကောင် ။ ခွေးသူခိုး မျက်လုံးနဲ့အကောင် ။ စိုးသူနဲ့ ကျော်ထူး စပ်ကျထားတဲ့ နှာခေါင်းပိုင်ရှင်ကောင် ။ ၀က်မဖင်လိုနှုတ်ခမ်းနဲ့ကောင် ။

ဟင်း……..ရှက်လိုက်တာနော်……။ တစ်သက်လုံးစောင့်ထိန်းထားခဲ့သမျှ အရှက်သိက္ခာတွေ ဒီသေနာလေးနဲ့ကျမှ

ဟက်တက်ကြီးပြဲ(အဲ) ကွဲသွားခဲ့ပြီ။

ခွေးနာလေးရဲ့ “ခင်ပါနော်´´ဆိုတဲ့အသံ ပြန်ကြားမိတိုင်း ကျွန်မတို့တတွေ …တွန့်ခနဲ…တွန့်ခနဲ…..။

“ တောက်…ငနာလေး…အအေးဖိုးလည်းရှင်းမသွားဘူး´´ ။ ။

မေတ္တာဖျန်း၍ လန်းကြပါစေ…….

ဥက္ကာကိုကို(သံတွဲ)



Categories: ဟာသများ | Leave a comment

ရည်းစား


ငါဟာ အချစ်ရူးတော့မဟုတ်ခဲ့ဘူး

ဘီအီးတွေသောက်ပြီးမူးနေရတဲ့

အရက်မူးတစ်ဦးပါကွယ် ။

ကောင်မလေးရယ် ….. Continue reading

Categories: ဟာသများ | 3 Comments

Create a free website or blog at WordPress.com. The Adventure Journal Theme.

ဥက္ကာကိုကို

စာပေ အနုပညာ မီဒီယာ

Global Dashboard

A way to keep track.

Follow

Get every new post delivered to your Inbox.