ကဗျာ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအကျဉ်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ သောကြာနေ့တွင် အဘဦးမောင်ဖြိုး၊ အမိဒေါ်ခင်ညွှန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင်မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက်အငယ်ဆုံး ဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ဖြစ်သည်။ ဆင်းရဲသော ကျေးလက်မိသားစုဘ၀တွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေးထောက်ပံ့မှုဖြင့် ပညာရေးကိုကြိုးစားသင်ယူခဲ့သည်။

မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများဆင်းရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက(၁) ပုသိမ်နှင့် ပြင်ခရိုင်၊ ချောင်းဝအလယ်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက(၁) ပုသိမ်တွင် တက်ရောက်သင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းအား1391989_10201347202615561_1442292126_n သင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ၀င်ခွင့်ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ်(၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A(DSA) ဘွဲ့ကို ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှသင်တန်းဆင်းပြီး ရှမ်း(၁) တွင်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၆ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခမရ(၁၀၉) နှင့် ခလရ(၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။

၁၉၇၀ ခုနှစ်တွင် ဒေါ်ခင်ခင်ဝင်းနှင့် အိမ်ထောင်ပြုပြီး သားသမီးသုံးဦး ထွန်းကားခဲ့သည်။

၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ချီးမြှင့်ခြင်းခံရ သည်။ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့် ခန့်ထားခြင်းခံရသည်။ ၁၉၉၇ ခုနှစ်တွင်ပင် ဗိုလ်ချုပ်ရာထူးရရှိခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ စစ်ရေးချုပ်တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၂) တာဝန်နှင့် ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး(၁) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။ ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး အောက်တိုဘာလတွင် တရားဝင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူများထံ အစိုးရ အကြီးအကဲများထဲမှ ပထမဆုံးသွားရောက်သူဖြစ်ပြီး အမျိုးသားသဘာဝဘေးကာကွယ်တားဆီးရေးဗဟိုကော်မတီ၏ ဥက္ကဌတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၄-၄-၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့်အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ၍ နိုင်ငံတော်အနာဂတ်ဆောင်ရွက်ချက်များအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများ၏ဆန္ဒဖြင့် ၎င်း၏အစိုးရသက်တမ်းကာလအတွင်းရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ ကတိပြုပြောကြားခဲ့ပြီး မြစ်ဆုံစီမံကိန်း ဆောင်ရွက်နေမှုများကို အမှန်တကယ်ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့သည်။

သံတမန်ဆက်ဆံရေး အေးစက်နေခဲ့သော မြန်မာ-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
ထို့ပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက်အိုဘားမားသည်မြန်မာနိုင်ငံသို့ လာရောက်ခဲ့သကဲ့သို့ နိုင်ငံတော်သမ္မတသည်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မေလတွင် တစ်ကြိမ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၁၆ ရက်၊ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နှင့် ၁၃ ရက်၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်၊ မေလ ၁၇ ရက်နှင့် ဇူလိုင်လ ၂၃ ရက်တို့တွင် ထင်ရှားသောနိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားပေါင်းများစွာတို့အား နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ယခင်ကုန်သွယ်မှုကောင်စီကို ဖျက်သိမ်းခြင်း၊ ပို့ကုန်အခွန်ကောက်ခံမှု ရာခိုင်နှုန်းလျော့ချခြင်းမှ လုံးဝကင်းလွတ်ခွင့်ပေးခဲ့ခြင်း၊ အငြိမ်းစားဝန်ထမ်းတို့၏ ပင်စင်လစာအား ခေတ်ကာလနှင့်အညီဖြစ်အောင် တိုးမြှင့်ပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ကြာမြင့်ယာဉ်များအား ပယ်ဖျက်၍ မော်တော်ယာဉ်များတင်သွင်းခွင့်ကို အဆင့်ဆင့်ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် Time မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမှတ်စဉ် ၆၇ တွင် ရွေးချယ်ဖော်ပြခံရသည်။ ၎င်းအပြင် Time မဂ္ဂဇင်း၏ Special Report အဖြစ် ရေးသားဖော်ပြခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်က မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေးပေါ်လစီ (Foreign Policy) မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ပူးတွဲပထမရရှိခဲ့သည်။

The Inter-national Crisis Group က ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု In Pursuit of Peace Award ကို မြန်မာသမ္မတဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကို The Straits Times သတင်းစာက Asian of the Year အဖြစ် ရွေးချယ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတသက်တမ်း တစ်ဝက်ကျော်အတွင်း အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးသည့် အခြေအနေသို့ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂမှလည်း လက်နက်ရောင်းဝယ်မှုမှအပ ကျန်ပိတ်ဆို့မှုအလုံးစုံကို ဆိုင်းငံ့ပေးခြင်းဖြင့် ပိတ်ဆို့မှုများဖယ်ရှားပေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူကန့်သတ်မှုများအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကြိုတင်သတ်မှတ်ချက်မထားဘဲ စေ့စပ်ညှိနှိုင်းရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ရာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ပေါင်း ၃၇ ခု ချုပ်ဆိုနိုင်ခဲ့ပြီး မကြာခင်ကာလတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်သမ္မတဟောင်းဂျင်မီကာတာ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် စသည့် နိုင်ငံတကာမှ သြဇာရှိ ပုဂ္ဂိုလ်များတက်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ခေတ်အဆက်ဆက်က တင်ရှိနေသော နိုင်ငံခြားကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်းခြောက်ထောင်ကျော်ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့်ရရှိခဲ့ပြီး ဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများကိုလည်းရရှိတော့မည်ဖြစ်သည်။

Source ; နိုင်ငံတော်သမ္မတရုံး Website

Categories: ကဗျာ | Leave a comment

ပုံပြင်လေး (၃)


မြို့လေးရဲ့ လက်ဖျံရိုးတွေပေါ်မှာ
ခိုးခိုးခစ်ခစ် ရယ်သံချိုချိုလေးတွေ
မြေသားရနံ့ မြက်သားရနံ့နဲ့
ချစ်သူ့မွှေးရနံ့တွေ ပြန်ရတယ်။

တလွင်လွင်မြည်အောင် ရွာသွန်းနေတဲ့
မိုးရေစက်တွေနဲ့ မွှန်းခဲ့ပုံရိပ်လေး
ဟိုး… အဝေးကြီးမှာ တောင်ညိုတိမ်တို့ အုံ့မှိုင်း
ပင်လယ်ဆီက လေညင်းနဲ့အတူ ယှက်သိုင်းသွားတယ်။

အဲဒီတုန်းက…
ညီမလေးရယ်… ကိုယ်ရယ်
ဗီးဂတ်စ်စီးကရက်တစ်လိပ်ရယ်
ရယ်သံချိုချိုလေးတွေ ခိုးခိုးခစ်ခစ်ရယ်
အဲဒါကို အချစ်..လို့ သမုတ်ခဲ့ကြတယ်။

- ဥက္ကာကိုကို -
(5-9-2013)

Categories: ကဗျာ | Leave a comment

ပုံပြင်လေး(၅)


ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အရှုံးပေးလိုက်သတဲ့
သံယောဇဉ်ကလည်း ခပ်ရို့ရို့လေး ပြန်ပြောရှာတယ်..
တကယ်တော့ မင်းနိုင်တာပါ…. တဲ့။

သံယောဇဉ်က စစ်မှန်တဲ့အပြုံးနဲ့ ပြုံးလိုက်တဲ့အခါ
ချစ်ခြင်းမေတ္တာဟာ နွမ်းလျခွေကျသွားတယ်။

မနေနိုင်မထိုင်နိုင်
ကျနော်က ၀င် ဒိုင်လုပ်တယ်။

““ တကယ်တော့
ဘယ်သူမှမရှုံးသလို ဘယ်သူမှလည်း မနိုင်ပါဘူး”” လို့။

အဲဒီနေ့က
ရှုံးတာ ကျနော်ဖြစ်ခဲ့တယ်။

- ဥက္ကာကိုကို -

Categories: ကဗျာ | Leave a comment

သူနှင့် ရထားခရီးစဉ် … လက်မှတ်များ ကုန်ပါပြီ


ည …. ၁၀ နာရီခန့်။

အမြန်ရထားတစ်စင်းက တရှူးရှူးတရှဲရှဲအော်ဟစ်ကာ ဘူတာရှေ့မှ ဒေါသတကြီးပြေးလွှားသွား၏။ ရပ်လိုရပ်ငြားမျှော်လင့်ချက်ကလေးဖြင့် သူလက်ပြတားမိသေးသည်။ ရထားကတော့ သူ့လို
အညတရ တေလေအန္ဓတစ်ကောင်ကို ဂရုမထားပါ။ မိုးတွေက ခပ်ဖွဲဖွဲကျလာသည်။

ဘူတာလေးရှိ လက်မှတ်ရောင်းအဖိုးကြီးက ဆေးပေါ့လိပ်ခဲကာ သူ့နံဘေးသို့ ရောက်လာ၏။

“မင်းက ဘယ်ကိုသွားမလို့လဲ´´

“ဘယ်ကိုလဲ ? အင်း… ကျနော် အမေ့အိမ်ကို ပြန်ချင်လို့ပါ… အဟင်း… မဟုတ်စေးဘူး… ခရီးဝေးတစ်ခုထွက်ချင်လို့ပါ…´´

“… အင်း…´´
အဖိုးကြီးက ခေါင်းကို အပေါ်တင်လိုက် အောက်ချလိုက် လုပ်သည်။ တကယ်တော့ ခေါင်းတဆတ်ဆတ်ညိတ်တာဖြစ်သည်။ ပုတ်သင်ညိုနှင့်လည်း နည်းနည်းတူသည်။

“ဒီဘူတာက ကြားဘူတာကွ။ မြို့ပတ်ရထားတွေပဲရပ်ကြတာ။ အမြန်ရထားကိုတားလို့ ဘယ်ရမလဲ။ မင်းစီးချင်ရင် ခဏနေ မြို့ပတ်ရထားလာလိမ့်မယ်´´

သူ… ခေါင်းကို အသာယမ်းမိသည်။
“ကျနော်က ဟိုး… အဝေးကြီးကို သွားချင်တာပါ။ ဒီမြို့ကြီးကိုပဲ စက်ဝိုင်းလို လှည့်ပတ်သွားနေချင်တာမဟုတ်ဘူး´´

သူ… ခေါင်းကို ငုံ့ထားရင်း…….
“တကယ်တော့ … ဒီမြို့ပျက်ကြီးကို ကျနော်စိတ်ကုန်နေတာ… ကြာပါပြီ´´

အဖိုးကြီးက သူ့ကို စူးစမ်းသလိုမေးလာသည်။
“မင်းက ဘာလုပ်သလဲ´´

သူ… စိတ်မပါသလို ပြန်ဖြေလိုက်၏။
“ကဗျာ ရေးပါတယ်´´

“… သြ… ´´

အဖိုးကြီးက ဘူတာအတွင်းရှိ ခုံတန်းမှာ ၀င်ထိုင်ရင်း ဆေးပေါ့လိပ်ကို မီးညှိသည်။

“အေး… ကဗျာဆရာရဲ့… တကယ်တော့ လူ့ဘ၀ဆိုတာကလည်း ရထားတစ်စင်းပဲကွယ့်´´

သူ…အဝေးသို့ ငေးနေမိပြန်သည်။

“မင်းတို့ငါတို့ဟာ ဟောဒီလောကကြီးမှာ ဘူတာချိန်မမှန်တဲ့ ရထားတွေအဖြစ် အသက်ရှင်နေကြတာ´´

ဥသြသံခပ်လေးလေးနှင့်အတူ မြို့ကိုပတ်သော ရထားတစ်စင်း ဘူတာလေးသို့ ဆိုက်ရောက်လာသည်။ အတက်အဆင်း ခရီးသည်များကိုကြည့်ပြီး သူ သက်ပြင်းတစ်ချက်ချမိသည်။ တစ်စုံတစ်ရာကို နာနာကျင်ကျင် လွမ်းလှပါပြီ။

ဘူတာအတွင်း လူသူလေးပါးကင်းရှင်းသွားပြီး သူတို့နှစ်ဦးသာ ကျန်ရစ်သည့်အချိန်မှာ အဖိုးကြီးက စကားဆက်သည်။

“မင်းက… ကဗျာဆရာဆိုတော့ ကဗျာတွေအပြည့်တင်ထားတဲ့ ရထားပေါ့… ဒါပေမယ့် မင်းရထားက အချိန်လည်းမမှန်ဘူး။ ဘယ်ဘူတာဆိုက်ရမှန်းလည်းမသိဘူး….
ဟုတ်ရဲ့လား´´

“အဟင်း…´´
သူ အက်ကွဲသွေ့ခြောက်စွာ ရယ်မောပစ်လိုက်သည်။ မိုးဖွဲတွေက စဲစပြုလာသည်။

“အေး…. ငါလည်း ငါ့ကိုယ်ငါ ရထားတစ်စင်းပဲလို့ ခံယူထားတယ်။ လက်မှတ်တွေ၊ စာရင်းဇယားတွေ သယ်ဆောင်လာတဲ့ ရထားအိုကြီးပေါ့ကွာ… ဟက် ဟက်´´

“ဘော်….. ဘော်…. ´´

အမြန်ရထားတစ်စင်းက ဥသြသံအဆက်မပြတ်ပေးကာ မြို့တွင်းဖက်သို့ အလောတကြီး ၀င်ပြေးသွား၏။

“တို့တတွေဟာ… ရှင်သန်နေသရွှေ့ကာလပတ်လုံး ရထားတစ်စင်းလို ခုတ်မောင်းနေကြရတယ်… သံသရာပြေးလမ်းပေါ်မှာ ကိုယ့်ရထားကိုယ်မောင်းနှင်ရင်း
တစ်ဘူတာဝင်၊ တစ်ဘူတာထွက် တစ်ရက်မပျက် လှုပ်ရှားနေကြရတယ်။ ရထားပေါ်မှာပါလာတဲ့အရာတွေကို အစီအစဉ်တကျ ပို့ဆောင်ရတယ်။ ကိုယ်လိုချင်တဲ့အရာတွေကိုလည်း ကိုယ့်တွဲတွေပေါ် ဆန့်နိုင်သမျှ သယ်လာရဲရမယ်…..
…. ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ စက်ခေါင်းမှူးလို့ ခံယူတတ်ရင် ဘ၀ ဆိုတာ ပျော်စရာခရီးရှည်ကြီးတစ်ခုပါကွာ´´

ရှည်လျားသောစကားအဆုံးမှာ အဖိုးကြီးက ကုန်သွားသည့် ဆေးပေါ့လိပ်တိုကို ခပ်ဝေးဝေးရောက်အောင် တောက်ထုတ်ပစ်လိုက်ပြီး လည်ချောင်းခေါင်းတိုင်မှ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ကာ`အဟွတ် အဟွတ်´ ခနဲ ဥသြဆွဲ၍ စာရင်းအင်းများ၊ လက်မှတ်များကို တင်ဆောင်ရန် သူ့ဘူတာရုံလေးထဲသို့ နှေးဖင့်လေးကန်စွာ ၀င်ရောက်သွားတော့သည်။

သူ .. တစ်ဦးတည်းသာ တိတ်ဆိတ်သော ညည့်ဦးယံမှာ ဥသြမဆွဲ…. ရပ်တန့်နေဆဲ……….။

- ဥက္ကာကိုကို -

Categories: ကဗျာ | Leave a comment

ညတစ်ညကို ဖြတ်သန်းခြင်း


အားနွဲ့သူနှလုံးသား
တရားမဲ့လူ အပြုံးကြား
အမုန်းများနဲ့ ငြိုးမာန်ဖွဲ့
အရှုံးသမားရဲ့ ဆိုးကံငဲ့
မိုးထန်ခဲ့ တိမ်လွှာညိုမှိုင်း
အချိန်အခါအိုရိုင်း မှောင်ရီပြာဝေ
ရောင်နီလာပေ တေးဝေတွန်ကျုး
တွေးလေလွန်မူး ချာချာလည်
အခါခါရယ် မျှော်ရည်မှန်းဆ
အော်မြည်တမ်းတပါသော်လည်း
နွမ်းလျကာပေါ်မြဲ ပုံရိပ်
မျက်စိစုံမှိတ် အိပ်၍မပျော်
တိတ်တဆိတ်နော် လိပ်ပြာနိုးထ
(…သြော်…)
အရိပ်ပမာ အတိတ်မဟာ သိက္ခာဆိုးည။

– ဥက္ကာကိုကို -
(16-9-2013)

Categories: ကဗျာ, ခံစားချက်တွေ | Leave a comment

““အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေကို စိန်ခေါ်နေသော လူမိုက်များ””


ဥက္ကာကိုကို

            ရုတ်တရက် ရှေ့မှာထိုးရပ်လိုက်သည့် ကားနှစ်စီးပေါ်က ခုန်ဆင်းလာသော လူဆယ်ဦးခန့်ကိုတွေ့လိုက်ရပြီး မရှေးမနှောင်းပင် ညာဖက်ပါးချိတ်ပေါ်သို့ကျရောက်လာသည့် လက်သီးတစ်ချက်ကြောင့် ကျွန်တော်နောက် လန်ကျသွား သည်။ အချိန်က ညသန်းခေါင်ကိုကျော်လွန်ခဲ့ပါပြီ။

            လူသွားလူလာတိတ်ဆိတ်နေသည့် ညတစ်ညရဲ့ ပြန်နေကျလမ်းပေါ်မှာ ကားစောင့်နေချိန် ၀ိုင်းဝန်းရိုက်နှက်ရန် ကြံစည်ခံရလိမ့်မည်ဟု ကျွန်တော်မထင်မှတ်ထားခဲ့ဖူးပါ။ နောက်လန်ကျတဲ့ခဏမှာ ချက်ချင်းပြန်ထပြီး ၀ိုင်းလာတဲ့လူတစ်စု ကြားထဲက တိုးထွက်နိုင်ခဲ့သည်မှာလည်း ကံကြမ္မာကြောင့်မဟုတ်ဘဲ အပြေးမြန်ခြင်းကြောင့်သာလျှင်ဖြစ်ပါသည်။

            လွတ်မည့်လမ်းကြားတွေထဲ ကွေ့ပတ်ဝင်ပြေးရင်း အန္တရာယ်ကင်းလောက်ပြီထင်၍ မူလနေရာသို့ပြန်ရောက်သွား သောအခါ ကားစောင့်တုန်းက ဘေးမှာချထားသော ကျောပိုးအိတ်မရှိတော့။ ကျောပိုးအိတ်ထဲပါသွားသည့် စီဒီအမ်အေ ဖုန်းတစ်လုံး၊ Cannon 550D ကင်မရာတစ်လုံး၊ ဘဏ်စာအုပ်တစ်အုပ်၊ သတင်းမှတ်စုများ၊ မှတ်ပုံတင်နှင့်ပိုက်ဆံအိတ်တို့ကို နှမျောတသဖြစ်ရုံသာ။

            ပြောရလျှင် ဘာကိုမှဆက်စပ်စဉ်းစားမရအောင် ဖြစ်နေခဲ့သည်။ ရန်ငြိုးရန်စလည်းမရှိ။ ဘယ်သူတွေမှန်းလဲမသိ။ ဘာကြောင့်မှန်းလဲမသိ။ ““အဲဒီနေ့က နောက်ကနေ၀ိုင်းလိုက်ကြတာ ၁၀ ယောက်ကျော်တယ်။ လက်ထဲမှာ အုတ်ခဲတွေ တုတ်တွေ ကိုင်ထားကြတယ်””ဟု ထိုနေရာ အနီးလက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးတစ်ဦးက Continue reading

Categories: ကဗျာ | Leave a comment

““၀ံသရမ်းနှင့် ဒေါက်တိုင်တိုက်ပွဲ (၂)””


အာပင်ဘွိုင်းမှ တိုက်သောရေကို တနင့်တပိုးသောက်ပြီးသော် နင်ဂျာများ ထုံးစံအတိုင်း ၀ှီး… ၀ှီး… ၀ှစ် ၀ှစ် ဟုအသံစုံမြည်ကာ လမ်းပေါ်က တက္ကစီများပေါ်သို့ ခုန်တက်သွားကြပြန်သည်။
ပါးစပ်မှလည်း ““မီဒီယာကို မီဒီယာနဲ့ဖိုက်လို့မရ.. ဘီယာနဲ့တိုက်မှရမည်… ဟွင်းဟွင်းဟွင်း”” ဟူ၍လည်း အံကြိတ်ကြုံးဝါးသွားကြသည်။
တက္ကစီခမပါသော နင်ဂျာခုနှစ်ယောက် ကားနောက်ဖုံးများတွင် တွယ်ကပ်ပါသွားကြ၏။

သို့နှင့် ဗိုလ်ခြေတစ်ရာမြို့နယ်ရှိ သစ်ခွဟိုတယ်ရှေ့ ရောက်၏။ ဟိုတယ်နံရံများကို ချိတ်၍လည်းကောင်း၊ ပြတင်းပေါက်များကို
ရိုက်ခွဲ၍လည်းကောင်း၊ ပိုက်လုံးကို တွယ်တက်၍လည်းကောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ၀င်ရောက်ကြကုန်၏။
အထဲသို့ရောက်သော် မာဖီးယားဂျိုကာအသင်း(Mafia Joker Association) မှ ဂိုဏ်းချုပ်ကြီးများ စုဝေးနေသည်ကို တွေ့ရသဖြင့် လက်နက်ပုန်းများ
ထုတ်ပြခြိမ်းခြောက်ကာ စာရွက်တစ်ရွက်တွင် အလိုမတူဘဲ လက်မှတ်ထိုးခိုင်းလေသည်။ သမ္မတ ဘပြောင်ဆီပို့ရန်ဟုလည်း ပြောသည်။
မာဖီးယားဂိုဏ်းသားများကားခြေဆောင့်သူဆောင့်၊ နှုတ်ခမ်းစူသူစူကုန်သည်။ နင်ဂျာများကား ဂရုမစိုက်။ လက်မှတ်စာရွက်များကိုယူ၍
ဝှီးဝှီး ၀ှစ်ဝှစ်မြည်ကာ ဟိုတယ်ပေါ်မှ ကျွမ်းပစ်ခုန်ချသွားကြ၏။

မြို့တော်ခန်းမအနီးက မြို့တော်ကြယ်ပွင့်ဟိုတယ်ပေါ်သို့ နင်ဂျာများရောက်လာပြန်သည်။ တာရာမင်းဝေငါးနှစ်ပြည့်အမှတ်တရအဖြစ် ကဗျာဆရာများ
ဝမ်းနည်းကြေကွဲနေသည်။ ဘက်ကြည့်မှန်ကြီးလည်း မည်သို့မည်ပုံရောက်လာသည်မသိ။ ကဗျာတက်ရွတ်နေတာတွေ့သည်။
““ကျောင်းနံရံတ၀ိုက်… ဒေါင်းအလံပြန်စိုက်မယ့်တစ်နေ့… ငါ… ငါ… ဟိုက် နင့်မေကလွှား…. နင်ဂျာတွေ Continue reading

Categories: ကဗျာ | Tags: | Leave a comment

ဒို့ဘော်ဒါကြီးများ စစ်ထဲဝင်ရင်လေ (၁)


အခန်း(၁)

တောင်တန်းတွေက လှမ်းကြည့်မိလိုက်တိုင်း တမျှော်တခေါ် ရှည်လျားစွာမြင်နေရသည်။နွေအကုန်မိုးအကူး မို့ မြေသင်းရနံ့များ ကစိုစွတ်မှိုင်းမှိုင်း လေနှင့်အတူ ဝေ့သိုင်းသင်းပျံ့လျှက်ရှိဧ။်။ကောင်းကင်အာကာဝဠာတစ်ခွင်ထက်မှာ အနောက်တောင်အရပ်ဆီမှ

 ခရီးထွက်လာသော တိမ်စိုင်မည်းမည်းများက အုံကျင်းဖွဲ့၍ ရွေ့လျားနေကြလေသည်။

    `တပ်တော်ဦးဆီ……..မျှော်လိုက်ပြန်တော့……ရဲတံခွန်တွေ………လေကစား…….ကြွားတလူလူ..ဝေ….´

    အသံဝါ၊ အသံနီ၊ အသံပြာ၊ အသံနက်တို့ထဲမှ တစ်ခုနှင့်မှ မကိုက်ညီသော ညောင်နာနာအက်ရှရှ အသံသေး အသံကြောင်တစ်သံကို ကြားလိုက်ရသဖြင့် တပ်ခွဲမှူး ဗိုလ်ကြီးမျိုးသက်ပိုင် စိတ်ခပ်ကြီးကြီး ညစ်သွားဧ။်။ အသံလာရာကို လှမ်းကြည့်လိုက်တော့

 ရဲဘော် သူရိန်ကို တွေ့လိုက်ရသည်။

    `ဟိုခွေးမသား……သူရိန်..…ဒီနေရာကို မင့်မေလင်နေရာမှတ်လို့ အော်ကြီးဟစ်ကျယ် လုပ်နေတာလားကွ.. ရန်သူ့နယ်မြေထဲမှာ၊ အမြီးမမြှောက်ရ၊ အီးမပေါက်ရဆိုတာ မင်းနားမလည်ဘူးလား´

    တပ်ခွဲမှူးကို အလွန်တရာ လေးစားကြောက်ရွံ့လှသော ရဲဘော် သူရိန်က ဗိုလ်ကြီးမျိုးသက်ပိုင် မာန်မဲသည်ကို မတူမတန်သလိုကြည့်ပြီး ထွီခနဲတံတွေးတံချက်ထွေးကာ ပေစောင်းစောင်း ထွက်ခွာသွားလေသည်။

    `တောက်´

    ဗိုလ်ကြီးမျိုးသက်ပိုင် တက်ခေါက်လိုက်သံမဟုတ်ပါ။ ထိုတောက်ဟူသည့် အသံတစ်ချက်နှင့်အတူ နောက်ဆက်တွဲအဖြစ် `တောက်´ပေါင်းများစွာ ထွက်ပေါ်လာသဖြင့် ဗိုလ်ကြီးမျိုးသက်ပိုင်တစ်ယောက် နီးရာခြုံပုတ်ဘေးသို့ အမြန်ဆုံးခွေးတိုးပြေးတိုး လိုက်ရလေသည်။

    `တောက်…တောက်…ပတောက်….ပတောက်……တောက်´

    `ဟ….ပစ်တယ်ဟ….စက်လတ်နဲ့ ဆော်တယ်ဟေ့…ရဲဘော်တွေနေရာယူ…ချ…ပြန်ချ…မည်းမည်းမြင်ရာ အကုန်ချ…ငါ့ကိုမထိစေနဲ့ဦး´ Continue reading

Categories: ကဗျာ | Leave a comment

ငါတို့ခေတ်


(၁)

ငါတို့ခေတ်ကြီးကိုကနားလည်မှုနဲ့လည်ပတ်နေတဲ့ ယန္တရားကြီးဖြစ်နေသည်။

အရာရာတိုင်းကိုနားလည်မှုနဲ့ ငါတို့လုပ်ကိုင်ကြရသည်။ နားလည်မှုဆိုသောစကားလုံးသည် နေရာတိုင်း၊ အချိန်တိုင်းမှာအကြောင်းအရာတိုင်းလိုလို၏ ပြယုဂ်ဖြစ်လာသည်။ ကိစ္စတစ်ခုကိုနားလည်မှုနဲ့ ကိုင်တွယ်ရသည်။ ပြဿနာတစ်ရပ်ကိုနားလည်မှုနဲ့ ဖြေရှင်းရသည်။ ငါတို့လူ့အဖွဲ့အစည်းထဲမှာနားလည်မှုဆိုတာ ကြီးစိုးလာသည်။

နားလည်မှုကိုနားမလည်ပါကငါတို့ လူ့အဖွဲ့အစည်းထဲမှာရပ်တည်ရန် ခက်ခဲလာမည်။ မခက်ခဲလျှင်လည်းလူအများ၏ အမြင်စောင်းမှုကိုငါတို့ခံရနိုင်သည်။ အမြင်စောင်းသည်ဆိုတာကတစ်ခါတစ်ရံငါတို့ကိုယ်ကိုယ်၌က စောင်းနေ၍ အမြင်များလိုက်စောင်းသွားခြင်းလည်း ဖြစ်နိုင်သည်။ ““ဒီကောင်ကနားလည်မှုမရှိဘူး””ဆိုသည့် အသံများကငါတို့နောက်ကွယ်မှာပဲ့တင်ထပ်လိုက်လာမည်ဖြစ်သည်။ ထို့ကြောင့် နားလည်မှုကိုငါတို့ နားလည်တတ်ဖို့လိုသည်။

အထက်မှာဆိုခဲ့သလိုခေတ်ကြီးကိုကနားလည်မှုနဲ့လည်ပတ်နေသော ယန္တရားကြီးဖြစ်နေတာမဟုတ်ပါလား။

 

(၂)

 

လက်ရှိဖြစ်တည်လျက်ရှိသည့် ခေတ်တစ်ခေတ်ကိုငါတို့ သုံးသပ်မည်။

အရင်ခေတ်တစ်ခေတ်ကို ပြန်ကြည့်လျှင် Continue reading

Categories: ကဗျာ | Leave a comment

အဘိုးတို့ရေ…. အဘိုးတို့ရယူပေးခဲ့တဲ့ လွ ပ်လပ်ရေးကြီး…


photo.jpg အဘိုးတို့ရေ….
အဘိုးတို့ရယူပေးခဲ့တဲ့ လွပ်လပ်ရေးကြီး
အသီးတွေသီး.. အပွင့်တွေ ပွင့်လို့…
အဘိုးတို့ချစ်တဲ့ ပြည်သူပြည်သားတွေကလည်း
သီးလို့… ပွင့်လို့
တစ်ယောက်ကို တစ်ယောက် ပြန်လည် ခူးဆွတ်စားသောက်လို့။အဘိုးတို့ရေ….
လွပ်လပ်ရေး အကိုင်းအခက်တွေက သီးကြ ပွင့်ကြပေမယ့်
စည်းလုံးမှုမဏ္ဍိုင်ကြီးကတော့ သစ်ခြောက်ပင်ကြီးလိုပါပဲ
အဘိုးတို့က ပြည်သူတွေကိုချစ်တယ်
ပြည်သူအများစုကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ကြတယ် အဘိုးတို့ရဲ့
ပြီးတော့
ကျနော်တို့တတွေ အချင်းချင်းလည်း မတည့်ကြပေဘူး။အဘိုးတို့မွေးခဲ့တဲ့ မျောက်တွေ
အခု
ကျနော်တို့ကို ပြန်ခြောက်နေတယ်။
ခြောက်လုံး လှန့်လုံး မက်လုံးတွေကြားမှာ
ပြည်သူတွေလည်း ဟောတစ်ယောက် ဟောတစ်ယောက် Continue reading
Categories: ကဗျာ | Leave a comment

ခရီးသည်


ဥက္ကာကိုကို

(၁)

““ဘုရားရေ…””

သူ့နှုတ်မှ အာမေဋိတ်သံထွက်ခြင်းဖြစ်သည်။

““ဝေ…..””

သူ့အသံနောက်မှာကပ်ပါလာသည့် ပြန်ထူးသံတစ်ခုကြောင့် သူအူလည်လည်ဖြစ်သွားရသည်။ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်လိုက် တော့လည်းမည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရ။သူရောက်နေတာကွင်းပြင်ကျယ်ကြီးဖြစ်ပြီး ပုန်းခိုနေစရာသစ်ပင်ဝါးပင်လည်း မရှိ။ သူနည်းနည်း“တင်း” သွားသည်။ ကောင်းကင်ကြီးကိုမော့ကြည့်ကာလက်သီးဆုပ်၍…

““ဘယ်ကောင်လဲကွ.. ငါ့ကိုလှောင်တာ…တောက်””

(၂)

ဒီလိုနှင့် မြို့တစ်မြို့ကို သူရောက်ခဲ့သည်။ မြို့လေးကကျဉ်းမြောင်းလွန်းပြီး လမ်းတစ်လျှောက်မှာလူတွေပျားပန်းခတ် သွားလာနေကြ၏။ ရုတ်တရက် မုတ်ဆိတ်ကျင်စွယ်ဗရပွနှင့် လူကြီးတစ်ဦးက အ၀တ်မပါကိုယ်ဗလာလုံးတီးဖြင့် သူ့ဘေးမှ ဖြတ်ပြေးသွားသည်။

““အောင်ပြီကွ…အောင်ပြီ..အောင်ပြီ””ဟုလည်းပြေးလွှားရင်းကြွေးကြော်သွားလေသည်။

သူစိတ်လှုပ်ရှားသွားသည်။ လူကြီးပြေးသွားရာကိုလက်ညိုးထိုး၍…

““ဒါ…. ဒါ… အာခီမီးဒီးစ် ပဲ””

သူလွှတ်ခနဲအော်လိုက်တော့ အနားမှ ကွမ်းယာသည်တစ်ဦးကလှမ်းပြောသည်။ Continue reading

Categories: ကဗျာ | 3 Comments

ငါသေခဲ့သော်…..


ငါသေခဲ့သော်….
ငါ့ကိုယ်ငါ သရဏဂုံတင်ထားတဲ့အတွက် ဘုန်းကြီးငါးပါးလည်းမလိုပါ
ဥက္ကာရေ…အမျှ အမျှ အမျှလို့လည်း ရေရွတ်ကြစရာ မလိုပါ
တတ်စွမ်းသရွေ့ဒါနလေးတွေ အခွင့်ကြုံတိုင်းလုပ်နေတဲ့အတွက် ကူးတို့ခလည်းမလိုပါ
ငါဟာ ငရဲပြည်ရော နတ်ပြည်ရော နှစ်ပြည်စလုံးကိုတစ်လှည့်စီသွားနေမှာဖြစ်တဲ့အတွက်
ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းကြစရာလည်းမလိုပါ
ငါ့ကိုယ်ငါလည်း သံဝေဂယူထားတယ်
ထို့အပြင်
မည်သူမဆိုလည်း လာရောက်သံဝေဂယူနိုင်ပါတယ်။

ငါသေခဲ့သော်….
ရန်ကုန်မှာဖြစ်ပါက ရေဝေးသုဿန်မှာမီးသဂြိုလ်ပေးပါ
ထိန်ပင်က သွားရလာရဝေးလို့ပါ
နယ်တစ်နယ်မှာဖြစ်ပါက လူသူတိတ်ဆိတ်တဲ့ သစ်ပင်ရိပ်လေးမှာ မြုပ်နှံပါ
ငါ့အုတ်ဂူကို မီးခိုးရောင်သုတ်ပေးကာ
အုတ်ဂူဘေးမှာ စံပယ်ရုံလေးတစ်ရုံစိုက်ပျိုးပေးပါ Continue reading

Categories: ကဗျာ | 3 Comments

“ခုချိန်ဆို နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေကျနေတုန်းပဲလား”


ကြည့်မြင်တိုင်နေပြည်တော်
ဘုံခြောက်ဆင့်ပေါ်ကနေ
နင်ရှိတဲ့အရပ်ဆီ သမသတ်မျှော်လိုက်တော့
ကမ္ဘာ့မြေပုံမှာ
သတိရစိတ်တွေ လင်းဖြာသွားလေရဲ့။

ငါက ကျိန်စာသင့်နေသူပါချစ်သူရယ်
ကိုယ့်ဝိညာဉ်တောင် ကိုယ်မပိုင်တဲ့အဖြစ်နဲ့
မြို့ဟောင်းကြီးထဲမှာ မျက်ခုံးလှုပ်လှုပ် ရပ်တည်နေပါတယ်။

ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေ ကျနေတုန်းပဲလား
ငါကတော့
အမြင့်မားဆုံးအပူဒဏ်အောက်
ထီးတစ်လက်နဲ့ လျှောက်နေရဆဲလေ။

“နင်နဲ့ငါနဲ့က သူငယ်ချင်းတွေပါ” ဆိုတဲ့စကားကို
ကိုယ့်စိတ်ကိုယ် ယုံကြည်မှ ပြောစမ်းပါကွာ
နင်လည်းငါ့ကိုချစ်တယ်ဆိုတာ
ငါ သေသေချာချာ သိခဲ့တာပေါ့။

တစ်နေ့ညက
သိမ်းထားတဲ့ နင့်ဓာတ်ပုံလေးကို စိုက်ကြည့်ပြီး
ညကြီးမင်းကြီး တရားထမှတ်ဖြစ်တယ်
အဲဒီတရားက ချစ်ခြင်းတရားပဲဆိုပါစို့
“နင့်ရင်ထဲမှာ ငါရှိရဲ့လား”ဆိုတဲ့ ဂါထာကို
အခေါက်တစ်ထောင် ဥုံခံရွတ်ရင်း
နင့်အပေါ်ချစ်တဲ့အချစ်မှာ
ငါဟာ သိဒ္ဓိပေါက်ခဲ့ပါတယ်။

ကောင်းကင်ပေါ်မှာ
လေယာဉ်ပျံတစ်စင်း ပျံသွားတာတွေ့တိုင်း Continue reading

Categories: ကဗျာ | 4 Comments

Blog at WordPress.com. The Adventure Journal Theme.

ဥက္ကာကိုကို

စာပေ အနုပညာ မီဒီယာ

Global Dashboard

A way to keep track.

Follow

Get every new post delivered to your Inbox.