RSS

နှစ်သစ်အတွက်ဗေဒင်ပညာရှင်များ၏ဟောကိန်း

06 Apr

ဥက္ကာကိုကို၊သဇင်ထွေး
ရန်ကုန်၊ ဧပြီ-၂

မြန်မာသက္ကရာဇ် ၁၃၇၂ခု နှစ်ကုန်ဆုံးပြီး နှစ်သစ်ကူးဖြစ်သည့် ၁၃၇၃ ခုနှစ်အတွက် မြန်မာ့ရိုးရာ ဗေဒင်ဆိုင်ရာဟောပြောချက်များ နှင့်နက္ခတ်ပညာရပ်၊ ဝေဒပညာ ရပ်တို့ဖြင့် မြန်မာနိုင်ငံ၏ စီးပွား ရေး ၊လူမှုရေး၊ နိုင်ငံရေး၊ ပညာ ရေး၊ ကျန်းမာရေးဆိုင်ရာ အကောင်းအဆိုး မည်ကဲ့သို့ဖြစ် ပေါ် နိုင်မည်ကို ပညာရှင်များဖြစ် ကြသော ဆရာဒေ၀၊ ဆရာမ ဒေါက်တာစောယု နွယ်၊ ဆရာဦး ဇေယျာကို၊ ဆရာဇင်ယော်နီတို့ထံ ဆက်သွယ်မေးမြန်းထားပါသည်။ အဆိုပါဗေဒင်ပညာရှင် များ အနေဖြင့် မြန်မာနိုင်ငံသည် နှစ်သစ်ကူးမှစတင်ကာ ကောင်းသောပြောင်းလဲတိုးတက်မှုများကို ကြုံရလိမ့်မည်ဖြစ်ကြောင်း တညီတညွှတ်တည်းဟောကြသည်။

အသစ်တက်လာသော အ စိုးရသစ်အနေနှင့်လည်း ယခင် အစိုးရထက်သာအောင် နိုင်ငံ့ ကောင်းကျိုးအား မျှတစွာထမ်း ဆောင် သယ်ပိုးနိုင်လိမ့်မည်ဖြစ်ကြောင်းသိရသည်။
လာမည့်ဧပြီလနှောင်းပိုင်း နှင့် မေလတို့ တွင် ယခင်နှစ်ကစံချိန်ချိုးခဲ့သော အပူရှိန်ထက်ပင် ပိုမိုပူပြင်းမည်ဖြစ်သည်ဟုလည်း ဟောကိန်းထုတ်ကြသည်။
ပြီးခဲ့သည့် မတ်လ ၃၀ရက် နေ့က အစိုးရသစ်ဖွဲ့စည်းသည့်ဇာ တာသည်အကောင်းဆုံးနက္ခတ် အချိန်ကောင်းများဖြင့်ဆောင် ရွက် ထားပြီး အစိုးရသစ် ကျမ်းကျိန်ဆို သည့်အချိန်မှာလည်း မေထုန်လဂ်ွတွင်တည်ရှိသောကြောင့် တာဝန် ယူလိုက်သည့်အစိုးရသည် ယခင် နှင့်မတူဘဲ တိုင်းပြည်နှင့်လူမျိုး အပေါ် မျှမျှတတ အုပ်ချုပ်စီမံ သွားလိမ့်မည်ဟု နက္ခတ်အရ သုံးသပ်ကြောင်း နက္ခတ်သိပံ္ပအဖွဲ့ မှ အမှုဆောင်အရာရှိချုပ် ဦးဇေ ယျာကိုက ဟောသည်။ ဘုန်းတန်ခိုးသြဇာကြီးမား သောအစိုးရသစ်ဖြစ်လာ မည်ဖြစ် ကာဝန်ထမ်းများအတွက်လည်း ရာထူးအခွင့်အရေးကောင်းများပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း ဆရာဇင်ယော်နီက ဟောကိန်းထုတ်ထားသည်။

အထူးခြားဆုံးဖြစ်လာမည့် အရာများမှာ သံတမန်ရေးရာများ လမ်းပွင့်ခြင်း၊ စီးပွားရေးပိတ်ဆို့ ထားမှုများ ပြန်လည်ပွင့်လမ်းလာ ခြင်းအနေအထားများဖြစ်ပြီး တစ်နှစ်အတွင်း ဖြစ်ပေါ်လာလိမ့်မည်ဟုဦးဇေယျာကိုကဆက်ဟော သည်။
၁၃၇၃ ခုနှစ်တွင် မီး၊ လျှပ် စစ်၊ ဓာတ်ဆီ၊ ဒီဇယ်၊ ထင်းမီးသွေး စသော လောင်စာနှင့်ပတ်သက် သည့် အလုပ်များ အထူးဖြစ်ထွန်း လိမ့်မည်ဖြစ်ကြောင်း ဆရာ ဇင်ယော်နီကဆိုသည်။သဘာဝဘေးအန္တရာယ် အနေဖြင့်လည်း အင်အားရှိငလျင် များ၊ မီးဘေး၊ မုန်တိုင်းဘေး၊ လျှပ် စစ်ပေါက်ကွဲမှုများကို သတိပြုကြရမည်ဖြစ်ကြောင်း ဆရာမဒေါက် တာစောယုနွယ်ကဆိုထားကာ ဆရာဇင်ယော်နီက အပူရှိန်လွန် ကဲမှုနှင့် မီးဘေးအား မြစ်နား၊ ချောင်းနား၊မြေနုကျွန်းဒေသများ၊ မြေသစ်၊ ကွက်သစ်နေရာများမှာ အထူးသတိထားစေလိုကြောင်း သတိပေးထားသည်။ရာသီဥတုဖောက်ပြန်မှု ကြောင့် သောက်သုံးရေပြတ်လပ်ခြင်းပြဿနာကို ကြီးမားစွာရင်ဆိုင် ရလိမ့်ဦးမည်ဖြစ်သည်ဟု ဗေဒင်ပညာရှင်များက တညီတည်းဟော ထားကြသည်။

သူတို့က ဆက်လက်၍ နိုင်ငံ တွင် နိုင်ငံရပ်ခြားတိုင်းပြည်ကြီး များနှင့် ဆက်သွယ်တိုးတက်မှုများ ပေါ်ထွန်းလာမည်ဖြစ်ပြီး စီးပွား ရေးကဏ္ဍအတွက် အထူးကောင်း မွန်သည့် အခွင့်အလမ်းများ ပေါ်လာမည်ဟုဆိုကြသည်။ခရီးသွားလာရေးနှင့် ဟိုတယ်လုပ်ငန်း များလည်း တိုး တက်မှုကြုံရမည်ဖြစ်သည်။ စက် တင်ဘာလအတွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တိုးတက်ပြောင်းလဲမှုကိုမြင်တွေ့ရ မည်ဖြစ်ကာ တစ်ဖက်တွင်လည်း လေကြောင်းပိုင်းဆိုင်ရာ ထူးခြားဖြစ်စဉ်များကိုကြုံတွေ့ နိုင် သည်ဟု ဆရာဦးဇေယျာကိုကဟောသည်။
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများမှာလည်း အိမ်ခြံမြေ အလုပ်များ ယခင်ကထက်ပိုတိုး တက်လာမည်ဖြစ်ပြီး ယင်းကြောင့် ပင် အိမ်ခြံမြေဈေးကွက်မှာ သိ သာစွာခုန်တက်မည့်အဖြစ်သို့ ရောက်ရှိလိမ့်ဦးမည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာ့ငွေဈေးမာမှုကိုတွေ့ မြင်ရဦးမည်ဟုလည်းသိရသည်။ဆောက်လုပ်ရေးကန်ထ ရိုက်များ၊ အိမ်အရောင်းအ၀ယ် လုပ်ကိုင်သူများ၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်သူများ၊ ရွှေနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များယခုနှစ်တွင် အထူးသတိထား ရလိမ့်မည်ဖြစ်ကြောင်း ဆရာ ဇင်ယော်နီကပြောသည်။

ဇွန်၊ ဇူလိုင်လမှစတင်ပြီး ရွှေဈေးနှုန်းများထိုးကျမှုကြောင့် မြန်မာ့ရွှေလုပ်ငန်းရှင်များ လုပ်ငန်းပိုင်းဆုံးရှုံးမှုဖြစ်ကြမည်ဟု ဦးဇေယျာကိုကဆိုသည်။မြန်မာနှစ်စဖြစ်သော ဧပြီလ နှင့် ခရစ်နှစ်အကုန်ဒီဇင်ဘာလတို့ တွင် ၀န်ထမ်းများ၏ အကျိုးခံစား ခွင့်အသစ်များ ပေါ်ပေါက်လာနိုင်ကြောင်းသူကပြောသည်။ညှိနှိုင်းမရသော ပြဿနာ များ၊ မသင့်မြတ်သော အဖွဲ့ အစည်းများ ပြန်လည်သင့်မြတ်သော ကာလကိုလည်းကြုံတွေ့ရလိမ့်မည် ဟုဒေါက်တာစောယုနွယ်က ဟောသည်။
ထို့အပြင် မှေးမှိန်ကွယ် ပျောက်နေသော ခေါင်းဆောင် များ၊အနုပညာရှင်၊အတတ်ပညာ ရှင်များ၊ ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များ ပြန် လည်ပေါ်ထွက် လာမည့်အခါလည်းဖြစ်ကြောင်း ဒေါက်တာစောယုနွယ်က ဆက်ဟောသည်။ပညာရေးပိုင်းအနေနှင့် သိသိသာ သာ အဆင့်အတန်းမြင့်များတိုးတက်လာလိမ့်မည်ဖြစ် ကြောင်း ဆရာဇင်ယော်နီက ဟောကြားသည်။
ယခုနှစ်အတွင်း ဘာသာ ရေးနှင်ပတ်သက်၍ ထူးထူးခြား ခြားထွန်းပေါက်သောပုဂ္ဂိုလ်ထူး များ ပေါ်ပေါက်လာလိမ့်မည် ဖြစ် ကြောင်း ဆရာဇင်ယော်နီရော၊ ဒေါက်တာစောယုနွယ်က ပါ ဟောထားသည်။

ကြာသပတေးဂြိုလ်ကို ကိုယ် စားပြုသော ပညာရှင်များ အနေဖြင့် အကောင်းအဆိုး နှစ်မျိုး ဒွန်တွဲနေမည်ဟု ဆရာ ဒေ၀က ဆိုသည်။စက်မှုပိုင်းဆိုင်ရာအလုပ် များထွန်းကားတိုးတက် သည်နှင့် အမျှ ဆန်၊ဆီ၊ဆေး၊ဆား၊စပါး၊ ပြောင်း၊ ပဲသီးနှံများ အထူးအထွက် တိုးမည့်နှစ်ဖြစ်ပြီးသည်ဟုဆရာဇင်ယော်နီကဆိုလာသည်။ရေနံနှင့် သဘာဝဓတ်ငွေ့၊ သတ္တုတွင်းထွက်ပစ္စည်းများ အသစ် တူးဖော်တွေ့ရှိမှုရှိပြီး တိုး တက်လိမ့်မည်ဖြစ်ကြောင်း ဆရာဇင်ယော်နီနှင့်ဆရာဦးဇေယျာကို တို့နှစ်ဦးလုံးကဟောကြ သည်။ ကျန်းမာရေးပိုင်းအနေနှင့် နှလုံးအစားထိုးကုသခြင်း၊ သွေး သစ်ပြောင်းခဲခြင်း၊ အသက်ကို ဆွဲဆန့်နိုင်ခြင်း၊ နှလုံးခုန်နှုန်အား ထိန်းထားနိုင်ခြင်းတို့ကို ထူးခြားစွာ အောင်မြင်ကုသနိုင်လိမ့်မည်ဟု ဒေါက်တာစောယုနွယ်ကဆိုထားပြီး ဦးခေါင်းပိုင်း၊ ခြေထောက်ပိုင်း၊ လေနှင့်ပတ်သက်သောရောဂါများ သတိထားရန်လိုအပ်ကြောင်းဆရာဇင်ယော်နီကဆိုထားသည်။

ဆက်လက်၍ နက္ခတ်သိပံ္ပ အဖွဲ့မှ ဦးဇေယျာကိုက လတစ်လ ချင်းအတွက်ဟောကိန်းအချုပ် များကိုယခုကဲ့သို့ ထုတ်ထားသည်။ ဧပြီလ ၁၉ရက်ဝန်းကျင်နှင့် မေလ၂၀၀န်းကျင်တွင် ရွှေဈေးနှင့် ဒေါ်လာဈေးမြင့်တက်နိုင်ပြီး ၀န် ထမ်းများအကျိုးခံစားခွင့် တစ်ရပ် ပေါ်လာမည်ဖြစ်သည်။ဇူလိုင်လတွင် လနှင့်အင်္ဂါဂြိုဟ်တို့နီးကပ်စွာပုးယှဉ်မည်ဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းသူများ နှင့် တပ်မတော်တို့ ပြင်းထန်သည့် တိုက်ပွဲဖြစ်စဉ်များပေါ်ပေါက်လာ မည်ဖြစ်ကာ ညှိနှိုင်းဆွေးနွေးသည့် အခြေအနေရောက်ပြီးမှ ပြန်လည်ပျက်ပြားသွားသည့်ဖြစ်ရပ်ပေါ်မည် ဖြစ်သည်။ဇွန်၊ ဇူလိုင်လများမှစပြီး ရွှေ ဈေးထိုးကျသွားမည်ဖြစ်သည်။ သြဂုတ်လတွင် စာပေလွတ်လပ်ခွင့်ထူးထူးခြားခြားရရှိခြင်းမျိုးဖြစ် ပေါ်မည်ဖြစ်ကာ သတင်းနှင့်မီဒီ ယာပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ထွန်း မည်ဖြစ်သည်။ စက်တင်ဘာလတွင် နိုင်ငံ အုပ်ချုပ်သူတချို့ကျန်းမာရေးညံ့နိုင်ပြီး နယ်စပ်ဒေသတွင် အသေးစား ငလျင် များ ဖြစ်ပေါ်နိုင်သည်။အောက်တိုဘာနှင့်နိုဝင် ဘာလတို့တွင်နိုင်ငံရေးပိုင်း ထူးခြားဖြစ်ရပ်အခြေအနေလေးများ ဖြစ်ပေါ်နိုင်ပြီး ဒီဇင်ဘာလတွင် လစာငွေဆိုင်ရာတိုးတက်ပြောင်းလဲ မှုတစ်ရပ်ကို ပုဂ္ဂလိကရော၊ ၀န် ထမ်းများပါ ခံစားရမည် ဖြစ်သည်။ နောက်နှစ်ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတွင် မြန်မာပြည် အထက်ပိုင်းတွင် အင်အားအသင့် ရှိငလျင်ဖြစ်ပေါ်နိုင်ပြီး မတ်လတွင် အနောက်အင်အားကြီးနိုင်ငံခေါင်း ဆောင်များ မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဖြစ်ကြောင်း နက္ခတ်သိပံ္ပအဖွဲ့က အထက်ပါ
အတိုင်းဟောကိန်းထုတ်ထားသည်။

၁၃၇၃ခုနှစ်၏အတာတက် ချိန်သည် ၂၀၁၁ခုနှစ်၊ ဧပြီလ၁၆ ရက်နေ့ ည၇နာရီ၄၅မိနစ်အချိန်ြ့ဖစ်ပြီးထိုအချိန်သည် တူလဂ်ရာသီ ခွင်တွင်တည်ရှိနေသောကြောင်း တနင်္ဂနွေသားများကံကောင်းပြီးဘ၀တစ်ဆင့်တက်မည်ဖြစ်ကာထူးချွန်ထွန်းပေါက်မည် ဖြစ်ကြောင်း ဆရာဒေ၀က နေ့နံအလိုက်ဟော ပြောသည်။တနင်္လာသားသမီးများမှာ အညံ့ရှိပြီး အကုန်အကျအဆုံး အရှုံးများမည် ဖြစ်သည်။ အင်္ဂါသား သမီးများမှာ ဖျားနာရောဂါဖြစ်၍ ရန်သူပေါ်မည်။ ဗုဒ္ဓဟူးသားသမီး များမှာလည်း ရောဂါဖြစ်တတ်ပြီးလုပ်ငန်း စီးပွားရေးပျက်စီးတတ်မည်။ ကြာသပတေးများမှာ ရလိုက်ကုန် လိုက်ဖြင့် အကောင်းအဆိုးဒွန်တွဲ နေမည်ဖြစ်သည်။ သောကြာသားသမီးများကံ ပွင့်ပြီး ထူးချွန်အောင်မြင်တိုးတက် မည်ဖြစ်သည်။ စနေသားသမီးများ မှာအကုန်အကျအဆုံးအရှုံး အမျိုး မျိုးဖြစ်ပေါ်တတ်ပြီး တနင်္ဂနွေ၊ သောကြာ၊ ကြာသပတေးဂြိုဟ် များမှလွဲ၍ ကျန်ဂြိုဟ်အားလုံး ညံ့နေကြောင်း ဆရာဒေ၀က အထက်ပါအတိုင်းဟောထားသည်။

ဗေဒင်ပညာရှင်များ၏ နှစ်သစ်အတွက်ဟောကိန်းများကို အနှစ်ချုပ်ရပါက ၁၃၇၃ခုနှစ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ စသဖြင့် ကောင်းမွန်သော အခြေအနေသို့ တိုးတက်လိမ့်မည်ဖြစ်ပြီး အစိုးရ သစ်နှင့်လည်း ကောင်းသော အပြောင်းအလဲများကိုလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။ရှောင်လွှဲမရသော သဘာဝ အန္တရာယ်များကိုလည်း ဂရုတစိုက်
သတိပြုနားစွင့်ထားကြရန်လိုအပ် သည်။

““ကောင်းတာလုပ်ပါ။မကောင်းတာမလုပ်ပါနဲ့။ စိတ်ကို ဖြူဖြူစင်စင်ထားပါဆိုတဲ့ ဗုဒ္ဓရဲ့ သြ၀ါဒအတိုင်း နေထိုင်ကျင့်ကြံခြင်းကို အမြဲဆောင်ရွက်ရန် လိုအပ်ပါသည် ဟု ဒေါက်တာ စောယုနွယ်က တိုက်တွန်းထားပါ သည်။

 

One Response to နှစ်သစ်အတွက်ဗေဒင်ပညာရှင်များ၏ဟောကိန်း

  1. မဗေဒါ

    April 6, 2011 at 12:13 pm

    အဟမ်း အဟမ်း

    ယုံကြည်ချင်ပါတယ်… တကယ်ဟောတဲ့ ဆရာ တွေပဲနော်..မိုက်စ် ..ဂွက်စ်ပဲ..

    စိန်ဗေဒါ (၈၈)

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.